မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် ဒီနေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ခဲ့တာပါ။

ဒီအမှုအတွက် စက်တင်ဘာ ၆ ရက်နေ့မှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာတော့ စစ်ကောင်စီရဲ့ တရားလိုဖြစ်တဲ့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော် အပါအဝင် တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ ဒီအမှုတွေဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည် ပြင်ဆင်ချက် လျှောက်ထားပြီး ထပ်မံတရားစွဲဆိုခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...