မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေ

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရှားပါးလာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်တွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက် မြင့်တက်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေဟာ နေ့စဉ်ဆိုသလိုရှိနေပြီး တချို့ကတော့ လွတ်မြောက်ခဲ့တာတွေရှိသလို တချို့ကတော့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာတွေ ခံနေရတာပါ။

အခုနှစ် ၂၀၂၂ ခုနှစ်ရဲ့ ကနဦးအစောပိုင်းလတွေမှာတော့ ထိုင်းနိုင်ငံထဲကို နယ်စပ်တွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားမဝင် ဝင်ရောက်ပြီး ဖမ်းဆီးရမှုဟာ တစ်လကို ပျမ်းမျှအနေနဲ့ လူဦးရေ (၄၀၀၀) နီးပါးရှိနေတာ ဖြစ်ပါတယ်။

လတ်တလောမှာ ထိုင်းအစိုးရက ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာ ကမ္ဘောဒီးယား လာအို ဗီယက်နမ်နိုင်ငံက တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပန်းရောင်ကဒ်ပြုလုပ်ပေးမယ့်အကြောင်း ထုတ်ပြန်ကြေညာထားပြီးနောက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပိုမို များပြားလာတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရရဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကဒ်ပြား လုပ်ပေးမယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပိုမိုများပြားလာတာလို့ မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအရေး အခြေအနေမငြိမ်သက်တာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာနဲ့ စီးပွားရေးအခြေအနေတွေကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် တရားမဝင်ဖြတ်ကျော်ဝင်ရောက်နေတာတွေရှိသလို တရားဝင်လမ်းကြောင်းဖြစ်တဲ့ နှစ်နိုင်ငံခြင်းသဘောတူညီထားတဲ့ MOU စနစ်နဲ့ တရားဝင်သွားရောက်နေတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက နိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် အလုပ်သမားတွေအားလုံးရဲ့ အခြေခံလုပ်အားခတိုးမြင့်ပေးတာကို ခရိုင်တစ်ခုချင်းစီအလိုက် အနည်းဆုံး ဘတ် (၃၂၈) ဘတ်ကနေ (၃၅၄) ဘတ်အထိ လာမယ့်အောက်တိုဘာလကစပြီး စတင်တိုးမြင့်ပေးသွာမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေ အဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုကြပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...