ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးထား

ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးထား

ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနှစ် သြဂုတ် ၃၁ ရက်နေ့ထိ ၁၉ လတာကာလ အတွင်း အရပ်သားပြည်သူ ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သား ၃၂၂ ဦးမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၂၁၆ ဦး ပါဝင်သလို စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သူ ၆၁ ဦးပါဝင်တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်ရင်း သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၆၁ ဦးမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အများစု ပါဝင်နေပြီး ဆေးဝါးနဲ့ အစားအသောက်ပြတ်လပ်မှုတွေကြောင့် သေဆုံးရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ဘေးရှောင်အရေးကူညီနေသူ တစ်ဦးကလည်း ကရင်နီပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

PKPF ရဲ့ ထုတ်ပြန်ချက်အရ နှစ်ဖက်တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅၁ ဦးကျဆုံးထားပြီး စစ်တပ်ဘက်က ၁၄၉၉ ဦးသေဆုံးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အဉီ၂၅ လုံး၊ လူနေအိမ် ၁၁၈၀ ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားသလို ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲပေါင်း ၄၅၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကေင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...