ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်အားခ တိုးပေးမယ်လို့ ထိုင်းအစိုးရ တရားဝင်ကြေညာ

ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်အားခ တိုးပေးမယ်လို့ ထိုင်းအစိုးရ တရားဝင်ကြေညာ

ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းမြန်မာအလုပ်သမားအပါအဝင် အလုပ်သမားအားလုံးကို အခြေခံလုပ်အားခ တိုးမြှင့်ပေးမယ်လို့ သြဂုတ် ၂၆ ရက်နေ့မှာ ထိုင်းအစိုးက တရားဝင် ကြေညာလိုက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ ကုန်းဈေးနှုန်းမြင့်တက်နေတာကြောင့် လက်ရှိ အလုပ်သမားတွေရရှိနေတဲ့ လုပ်အားခတွေနဲ့ မလုံလောက်တော့တဲ့အတွက် အလုပ်သမားတွေရဲ့လုပ်အားခကို တိုးမြှင့်သတ်မှတ်ပေးဖို့ ထိုင်းအလုပ် သမားသမဂ္ဂနဲ့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပြီး ပြီးခဲ့တဲ့ မေလ (၁) ရက်နေ့က ထိုင်းအစိုးရထံ စာပေးပို့တောင်းဆိုထားတာဖြစ်ပါတယ်။

ဒီလိုစာပေးပို့တောင်းဆိုနေတဲ့အပေါ် ထိုင်းအစိုးရက အလုပ်သမားတွေရဲ့လုပ်အားခကို တိုးမြှင့်သတ်မှတ်ပေးမယ်လို့ ကတိပေးခဲ့ပြီးနောက် အခုအခါမှာတော့ လုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ အခြေခံလုပ်အားခ တိုးမြှင့်လိုက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးဟာ အရင် ဘတ် ၄၀၀ လောက်ကနေ ၅၀၀ ကျော်ထိ ရရှိလာနိုင်တယ်လို့ ပြောပါတယ်။

“ ဒေသတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပြီး တိုးပေးတယ် ပြောတယ်။ ခရိုင်အလိုက် ခွဲပြီးတော့ ပေးတာပါ။ တစ်ရက်ကို လူတစ်ယောက်က ငွေငါးရာကျော်လောက် ဖြစ်လာမှာပါ။ အရင်က တစ်ရက်ကို လေးရာလောက်ကနေ ငါးရာကျော် ဖြစ်လာတဲ့အခါ စုမိဆောင်းမိ မဟုတ်ရင်တောင်မှ လက်ရှိအကြပ်အတည်းကို နိုင်နင်းစွာ ကိုင်တွင်နိုင်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

ထိုင်းအစိုးရဟာ အခြေခံလုပ်အားခတွေကို ခရိုင်အလိုက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီး တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ အခြေခံလုပ်အားခ တိုးမြှင့်ပေးမှုအရ အနိမ်ဆုံးအနေနဲ့ တစ်ရက် ၃၂၈ ဘတ်ဖြစ်ပြီး အမြင့်ဆုံးကတော့ ၃၅၄ ဘတ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ထိုင်းအစိုးရက လုပ်အားခတိုးမြှင့်ပေးခဲ့တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား အပါအဝင် အလုပ်သမားအားလုံး အတွက် ပိုပြီးအဆင်ပြေလာစေမယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

တဖက်မှာတော့ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် အထောက်အထားမဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်တွေ ထုတ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - AP

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...