ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံနေရ

ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံနေရ
ပုံစာ - ရခိုင်ပြည်နယ် ကျောက်တော်မြို့စစ်ရှောင်စခန်းက ကလေးငယ်များသည်လည်း အရေပြားကူးစက်ရောဂါကို ၂၀၂၀ခုနှစ်မှာ ဖြစ်ပွားခဲ့ကြသည်။
ပုံစာ - ရခိုင်ပြည်နယ် ကျောက်တော်မြို့စစ်ရှောင်စခန်းက ကလေးငယ်များသည်လည်း အရေပြားကူးစက်ရောဂါကို ၂၀၂၀ခုနှစ်မှာ ဖြစ်ပွားခဲ့ကြသည်။

ကရင်နီပြည်နယ် ဒီမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်း (၂) ခုမှာနေထိုင်တဲ့ ကလေးငယ်တွေမှာ အရေပြားရောဂါ ခံစားနေရတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆရာဝန်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ရေမသန့်ရှင်းတာနဲ့ အမိုးအကာတွေ လုံလုံလောက်လောက်မရှိတာတွေ ကြောင့် ကလေးသူငယ်တွေတင်မကပဲ လူကြီးတချို့မှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။

“အခုတလောကတော့ ဗိုင်းရပ်စ်ပိုးပေါ့နော်။အရေးပြားမှာဖြစ်တာ ဗိုင်းရပ်စ်ရှိတယ်၊ ဘက်တီးရီး ယားရှိတယ်၊ မှိုရောဂါတွေရှိတယ်ပေါ့နော်။ အခုဖြစ်တာကတော့ ဗိုင်းရပ်ကြောင့်ဖြစ်တာခင်ဗျ။ စိုးရိမ်စရာရှိလားဆိုတော့ အရေပြားရောဂါကနေ အဖုတွေကနေ အနာဖြစ်ပြီး ပိုးဝင်ရင်တော့ စိုးရိမ်ရတယ်ပေါ့နော်။ အခုလတ် တလောကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမလို့ အဓိက ခုခံအားကောင်းအောင်နေ၊ သန့်သန့်ရှင်းရှင်းထားရင်တော့ အဆင်ပြေတာများတယ်ခင်ဗျ” လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီမော့ဆိုအရှေ့ပိုင်းက စစ်ရှောင်စခန်း (၂) မှာ နေထိုင်တဲ့ ကလေးသူငယ်အယောက် (၂၀) လောက်မှာ ကူးစက်ခံထားရတဲ့ ဗိုင်းရပ်စ်ပိုးဟာ အနာပေါက်လာချိန်ဆိုရင် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီဗိုင်းရပ်စ်ဟာ အသက် (၇) နှစ်နဲ့ (၈) နှစ်အရွယ်ကလေးငယ်တွေမှာ ကူးစက်ခံရတာဖြစ်ပြီး ကူးစက်မြန်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတွေမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ဟာ အရည်ကြည်ဖုစပေါက်ရာကနေ တဖြည်း ဖြည်း များလာတာဖြစ်ပြီး ရောဂါဖြစ်ပွားမှုပုံစံကို အခုချိန်ထိ အသေးစိတ် မသိရသေးပါဘူး။

လက်ရှိမှာတော့ စစ်ရှောင်စခန်းနှစ်ခုမှာဖြစ်ပွားနေတဲ့ အရေအတွက်ကိုပဲ သိရသေးပြီး တခြား စစ်ဘေးရှောင်စခန်းတွေမှာ အလားတူရောဂါဖြစ်ပွားမှုရှိမရှိကိုတော့ သံလွင်တိုင်းမ် အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ (၂) သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...