အင်းတော်ကြီးဒေသမှာ စက်သုံး ဆီတစ်ဂါလံ၂သောင်း ပေးဝယ်နေရ

အင်းတော်ကြီးဒေသမှာ စက်သုံး ဆီတစ်ဂါလံ၂သောင်း ပေးဝယ်နေရ

အင်းတော်ကြီးဒေသမှာ စက်သုံးဆီ 92 တစ်ဂါလံကို နှစ်သောင်းကျပ်ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ အင်းတော်ကြီး ဟို အင်းမြှီးဘက်ကနှစ်သောင်း ၊ ဟိုဘက်ကတော့ သောင်းရှစ်ထောင်အဲ့လောက်ရှိတာ ၊ အေးဆီပြတ်တယ် လပ်တယ်ဆိုတော့ လွန်ခဲ့တဲ့လေးငါးရက်ကရင်းနဲ့ပါ့။ လိုသလောက်တော့ရတယ်။ ခါတိုင်းကတော့ သောင်းနှစ်ထောင်ပေါ့”  လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ကနေစပြီး တစ်ဂါလံ နှစ်သောင်းကျပ်နဲ့ ပေးဝယ်နေရသလို အကန့်အသတ်နဲ့သာ ရောင်းချပေးတယ်လို့ ဝယ်ယူသုံးစွဲသူတွေက ပြောပြပါတယ်။

တချို့ကျေးရွာတွေမှာတစ်ဂါလံကို တစ်သောင်းခြောက်ထောင်ကျပ်နဲ့ ရောင်းချပေးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

“ နန့်မွန်းမှာကတော့ နှစ်သောင်းစျေးလို့ကြားတယ်။ ရွာမှာကတော့ တစ်သောင်းခြောက်ထောင်ရှိတယ်။ ဒီနေ့ကတော့ကျွန်တော်ထည့်ခဲ့တာ သောင်းခြောက်ထောင်စျေးရှိတယ်။ ဆီပြတ်တာတွေတော့မရှိဘူး ဆီအများစားကြီးမရှိတာပါ့။ တစ်ဂါလံဆီ မပြတ်အောင်တော့ဝေမျှကြတာပေါ့။ ရှိသလောက်နဲ့ ရောင်းပေးနေကြတာပေါ့။လိုသလောက်ကြီးကတော့မပေးတော့ဘူး။ ဆီအခြေအနေကဘယ်လိုလည်းမသိဘူးဆိုတော့။ တစ်ဂါလံဆီမျှပြီးရောင်းပေးတာပေါ့” လို့ အင်းတော်ကြီးရွာသစ်ကျေးရွာ ဒေသခံတစ်ဦးကပြောပြပါတယ်။

အင်းတော်ကြီးဒေသ စက်သုံးဆီရောင်းချသူတွေက မိုးညှင်းမြို့ စက်သုံးဆီကုန်သည်တွေဆီမှာ တစ်ပေပါကို ခုနှစ်သိန်းခွဲနဲ့ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

စက်သုံးဆီစျေးက မိုးညှင်းမြို့က ဆီကုန်သည်တွေဆီမှာ တစ်ဂါလံ တစ်သောင်းခွဲရှိနေပြီး ယမန်နေ့က ပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

ယမန်နေ့ကထိ စက်သုံးဆီတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဆီပြတ်လပ်မှုတွေကြောင့် ကုန်စျေးနှုန်းတွေလည်း ဆက်စပ်မြင့်တက်မှုတွေဖြစ်ပေါ်လာနေပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...