ကျေးရွာဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဒေသခံတစ်ဦးသေဆုံး ၂ဦးထိခိုက်ဒဏ်ရာရ

ကျေးရွာဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဒေသခံတစ်ဦးသေဆုံး ၂ဦးထိခိုက်ဒဏ်ရာရ

ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ ခြမ်းက ကျေးရွာတစ်ရွာရှိ ဆေးပေးခန်းကို ယမန်နေ့ ( ဩဂုတ်လ ၉ )ရက်နေ့ မွန်းလွဲ ၁၀ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းနဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းဆေးခန်းနဲ့ ဒေသခံနေအိမ်ပျက်စီးတာတွေ ရှိတယ်လို့ လေယာဉ်ပစ်ခတ်တဲ့ကျေးရွာမှာ ရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

“ဆေးခန်းတစ်လုံးလုံးပျက်စီးတယ်။ ပြီးလို့ရှိရင် အရပ်သားနေအိမ်တစ်လုံးပျက်စီးတယ်။ နောက်ပြီးတော့မှ ကျနော်တို့ လူထုတွေကတော့ အဲ့ဒီ အသက် ၇၀လောက်ရှိတဲ့ ဦးလေး တစ်ယောက် အဲ့မှာပဲ ပွဲချင်းပြီးဆုံးသွားတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်ဟာ အရပ်သားပြည်သူတွေနဲ့ စစ်ရှောင်တွေလာရောက်နေထိုင်တဲ့ ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီက ရရှိတဲ့ သတင်းအချက်အလက်အချို့ အရ လွိုင်ကော် အခြေစိုက် အမြောက်တပ် ၂၅၀ ကလည်း ကျေးရွာအတွင်းကို အတွဲလိုက် ဒုန်းများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနီးနားက ကျေးရွာစာသင်ကျောင်းထဲမှာ စာသင်နေတဲ့ ကလေးငယ်တွေဟာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုတွေ ကြုံခဲ့ရတဲ့အတွက် ကြောက်လန့်တကြား နီးစပ်ရာ တောထဲ ငိုယိုထွက်ပြေးခဲ့တဲ့ video လည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ကလေးငယ်တွေမှာ ထိခိုက်ဒဏ်ရာရရှိတာတွေမရှိဘူးလို့သိရပြီး လက်ရှိမှာတော့ ကလေးတွေက မိဘတွေထံ ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီလို့ စုံစမ်းသိရှိရပါတယ်။

လေကြောင်းပစ်ခတ်ခံရတဲ့နေရာနဲ့ အနီးအနားကျေးရွာတွေက အရပ်သားပြည်သူတွေဟာ လက်ရှိမှာတော့ နီးစပ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...