လူ့အခွင့်အရေးကော်မရှင်အသစ် ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့တွေက NUG ကိုတောင်းဆို

လူ့အခွင့်အရေးကော်မရှင်အသစ် ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့တွေက NUG ကိုတောင်းဆို

ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ခု ဖွဲ့စည်းဖို့အတွက် NUG ကို အရပ်ဘက်အဖွဲ့အစည်း  ၃၂ ခုက ဩဂုတ်လ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက်နေ့မှာ  နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးတွေကို  လေးစားလိုက်နာကာကွယ်ပေးတဲ့ လူ့အခွင့်အရေးကော်မရှင်အသစ်တစ်ရပ်  ပေါ်ပေါက်ဖို့ ဒီလိုအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်လက်ထပ်ကတည်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပေမယ့်  လေးစားလိုက်နာရမယ့် ပါရီအခြေခံမူတွေကို ချိုးဖောက်တဲ့အပြင် နဲ့ သီးခြားလွတ်လပ်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း MNHRC အနေနဲ့ ကန့်ကွက်ရှုံ့ချမှုတွေမလုပ်ခဲ့သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင်ကျူးလွန်နေကြတယ်လို့ဆိုပါတယ်။

MNHRC ကိုပြန်အစားထိုးဖို့အတွက် လက်ရှိမှာအရေးတကြီးလိုအပ်နေပြီး အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းအား ရေးဆွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ NUG , NUCC တို့ကို တင်ပြထားပြီးလည်းဖြစ်တယ်လို့ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း   ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...