လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို KA ၊ KNDF တို့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်

လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို KA ၊ KNDF တို့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်

လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တို့က  ဩဂုတ်လ ၇ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

“နှစ်နေရာတော့ ဖြစ်တယ်။ ခဏကပွန်ချောင်းစခန်းမှာတော့ ပြောက်ကျားသွားပစ်တာနဲ့ ဒရုန်းနဲ့ သွားချတာရယ်။ ဗုံးတွေသွားချတာရယ်။ အဲ့ဒါကတော့ တစ်နာရီ၊ နှစ်နာရီလောက်ကြာတယ်။ ဒါက သူတို့ ပစ်ခတ်မှုအပေါ်မှာပဲ မူတည်တယ်ပေါ့နော။ နောက်တစ်ခုက ရှားတောကနေ ပွန်ချောင်းကိုလာတဲ့အဖွဲ့ထဲမှာက တိုက်ပွဲခဏတော့ဖြစ်တယ်။ နှစ်ခါလောက်တော့ဖြစ်တယ်။ ၅မိနစ် ၁၀မိနစ်လောက်တော့ဖြစ်တယ်။ တိုက်ပွဲအကြီးမျိုးတော့ မဟုတ်ဘူးပေါ့နော။ ပြောက်ကျားတိုက်ပွဲတွေပါပဲ။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ မသိရပေမယ့် KA၊ KNDF ဘက်က အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

လွိုင်ကော်၊ ရှားတောအကြားမှာ စစ်ကောင်စီတပ်လှုပ်ရှားမှုတွေရှိနေတဲ့အတွက် အခုလို တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး စစ်ကောင်စီတပ်အပြင်ထွက်တာနဲ့ တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

 ဩဂုတ်လ ၇ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် ဘက်သလိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...