အာဏာသိမ်းပြီး ၁၈လ အကြာအလုပ်ကိုင် ၁.၁သန်း နည်းပါးသွားတယ်လို့ ILO ခန့်မှန်း

အာဏာသိမ်းပြီး ၁၈လ အကြာအလုပ်ကိုင် ၁.၁သန်း နည်းပါးသွားတယ်လို့ ILO ခန့်မှန်း

2021 ခုနှစ် အာဏာသိမ်းပြီးတဲ့ ၁၈ လအကြာမှာ မြန်မာနိုင်ငံအတွင်းက ပြည်သူ တွေရဲ့အလုပ်အကိုင် ၁.၁ သန်းနည်းပါးသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) ဖွဲ့ရဲ့ ခန့်မှန်းချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ILOs အရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု လက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင် အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ လုပ်သားကုန်ထုတ်မ်းအားက ၈ ရာခိုင်နှုန်း ကျုံ့သွားပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ နောက်ထပ် ၂ ရာခိုင်နှုန်းထပ်မံကျုံ့ဆင်းသွားတယ်လို့ဆိုပါတယ်။

ဒီလိုကျဆင်းသွားမှုတွေက အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှတဲ့ အလုပ်အကိုင် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရလျက်ရှိနေတယ်လို့ ILO က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လုပ်ငန်းကဏ္ဍတွေက လုပ်ငန်းတွေနဲ့ အလုပ်သမားတွေရဲံ နစ်နာမှုတွေရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်းတွေမှာဖြစ်ပေါ်နေတဲ့ နေ့စားအဖြစ်လုပ်ကိုင်နေရတာတွေ၊ အလုပ်ချိန်ပုံမှန်မရှိတာတွေနဲ့ အလုပ်ရပ်ရဲခံရတဲ့အခါ နစ်နာကြေးအကျိုးခံစားခွင့်တွေကို မပေးဆောင်မှုတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဩဂုတ်လ ၁ ရက်နေ့မိန့်ခွန်းမှာ လာမယ့် ၆ လအတွင်းမှာ အလုပ်လုပ်သူတိုင်းဝင်ငွေတွေရရှိလာအောင်လုပ်ဆောင်မယ်လို့ဆိုထားပြီး ၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ထွက်လာဖို့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...