ကရင်နီပြည်မှာ ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွား၊ လေယာဉ်သုံးပြီး ၂၁ကြိမ်လာရောက်ပစ်ခတ်

ကရင်နီပြည်မှာ ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွား၊ လေယာဉ်သုံးပြီး ၂၁ကြိမ်လာရောက်ပစ်ခတ်

ကရင်နီပြည်မှာ ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်သုံးပြီး ၂၁ ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၈၈) ဦးနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေယာဉ်အသုံးပြုခဲ့သလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ဦးသေဆုံးခဲ့ရသလို ပြည်သူနေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဖယ်ခုံ၊မိုးဗြဲကနေတစ်ဆင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်ကို စစ်အင်အားဖြည့်တင်းနေပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဒေါပိုးစီကျေးရွာ၊ စံပြ (၆) မိုင်နဲ့ ဟိုဖိတ်ကျေးရွာတွေမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၃၀ရက်နေ့မှာ ဟိုဖိတ်၊ ဒေါပိုးစီနှင့် ဒေါဘူးငံရယ်(၅)မိုင်ကျေးရွာအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး တစ်ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။

အလားတူ ဇူလိုင်လ ၃၁ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့ စံပြ၆မိုင်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သလို ဒီးမော့ဆိုမြို့ အူးခူရီကျေးရွာမှာလည်း နယ်မြေလုံခြုံရေးယူနေတဲ့ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကရင်နီပြည်မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...