ကရင်နီပြည်မှာ ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွား၊ လေယာဉ်သုံးပြီး ၂၁ကြိမ်လာရောက်ပစ်ခတ်

ကရင်နီပြည်မှာ ဇူလိုင်လ တစ်လအတွင်း တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွား၊ လေယာဉ်သုံးပြီး ၂၁ကြိမ်လာရောက်ပစ်ခတ်

ကရင်နီပြည်မှာ ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ၄၈ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်သုံးပြီး ၂၁ ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၈၈) ဦးနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦးကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေယာဉ်အသုံးပြုခဲ့သလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ဦးသေဆုံးခဲ့ရသလို ပြည်သူနေအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဖယ်ခုံ၊မိုးဗြဲကနေတစ်ဆင့် လွိုင်ကော်နဲ့ ဒီးမော့ဆိုဘက်ကို စစ်အင်အားဖြည့်တင်းနေပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဒေါပိုးစီကျေးရွာ၊ စံပြ (၆) မိုင်နဲ့ ဟိုဖိတ်ကျေးရွာတွေမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၃၀ရက်နေ့မှာ ဟိုဖိတ်၊ ဒေါပိုးစီနှင့် ဒေါဘူးငံရယ်(၅)မိုင်ကျေးရွာအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး တစ်ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။

အလားတူ ဇူလိုင်လ ၃၁ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့ စံပြ၆မိုင်ကျေးရွာအတွင်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သလို ဒီးမော့ဆိုမြို့ အူးခူရီကျေးရွာမှာလည်း နယ်မြေလုံခြုံရေးယူနေတဲ့ KNDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကရင်နီပြည်မှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...