အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ လယ်တောတဲမှာနေတဲ့ အသက်၈၂နှစ်အရွယ် အဖိုးအိုတစ်ဦးသတ်ခံရ

အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ လယ်တောတဲမှာနေတဲ့ အသက်၈၂နှစ်အရွယ် အဖိုးအိုတစ်ဦးသတ်ခံရ

အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာ  ကုလားကုန်းအနီးမှာ ရှိတဲ့ လယ်တောတဲက အသက် ၈၂ နှစ်အရွယ် အဖိုးအိုတစ်ယောက် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ  အသတ်ခံရတယ်လို့ သူ့ဆွေမျိုးနဲ့ သူ့လယ်တောအနီးက တောင်သူတွေဆီကနေ သိရပါတယ်။

“ ကျည်က ညာဘက်ကပုခုံးစောင်းကနေဝင်ပြီး ဘယ်ဘက်ချိုင်းအောက်မှာ ပွင့်ထွက်သွားတယ် ။ ကျည်ဆန်ကတစ်ချက်တည်း ” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပြပါတယ်။

သေဆုံးသူ ဦးမောင်မောင်ရဲ့လယ်တောတဲမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ ၂၅ ရက်နေ့ကစ မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ထိ နေထိုင်နေကြောင်း  သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး  KIA ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သူ့ဆွေမျိုးနီးစပ်သူတွေက ဆိုပါတယ်။

KIA ဘက်က ပြောဆိုမှုတွေအရ ထောင်ထားတဲ့ သေနတ်ကို တပ်သားတစ်ဦး ဖမ်းဆွဲလိုက်တဲ့အခါ ကျည်ထွက်သွားတာဖြစ်ပြီး ၊ ဒီဖြစ်စဉ်ကြောင့် သေဆုံးသူအတွက် ကုန်ကျစရိတ်ကိုလည်း တာဝန်ယူမယ်လို့ ပြောဆိုကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မိုးညှင်းကို အလောင်းပြန်သယ်ဖို့အတွက် တားဆီးခံရမှုတွေကြောင့် ချောင်းဝသုဿာန်မှာ ထားရှိထားပြီး ယနေ့  သဂြိုလ်မယ်လို့သိရပါတယ်။

သူက ချောင်းဝကျေးရွာ ဇာတိသားဖြစ်ပြီး မိုးညှင်းမြို့မှာ ကျောင်းဆရာအဖြစ်နှစ်ပေါင်းများစွာ စာသင်ကြားခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကစ ကုလားကုန်းအနီးမှာ တစ်ဦးတည်းလယ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...