ရှမ်းနီတိုင်းရင်းသားများ၏ အမျိုးသားနေ့သတ်မှတ်နိုင်ရေးဦးဆောင်ကော်မတီဖွဲ့စည်း

ရှမ်းနီတိုင်းရင်းသားများ၏ အမျိုးသားနေ့သတ်မှတ်နိုင်ရေးဦးဆောင်ကော်မတီဖွဲ့စည်း

ရှမ်းနီတိုင်းရင်းသားတို့၏ အမျိုးသားနေ့သတ်မှတ်နိုင်ရေးအတွက် ဦးဆောင်ကော်မတီတစ်ရပ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက  ကချင်ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားနေ့သတ်မှတ်ဖို့ ရှမ်းနဲ့ ရှမ်းနီ စာပေယဉ်ကျေးမှုကော်မတီတွေဆီကို ညွှန်ကြားထားပြီးတဲ့နောက် အခုလိုဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။

“ ဒီကနေ့က ဦးဆောင်ကော်မတီဖွဲ့လိုက်တာပေါ့ ၊ အဲ့ဒီဦးဆောင်ကော်မတီကနေ ခရိုင်အဆင့် ၊မြို့နယ်အဆင့် ပြန်ပြီးတော့မှ သဘောထားတွေကို စုစည်းပြီးတော့မှ ကော်မတီကို ဩဂုတ် ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ တင်ပြဖို့ပေါ့ ၊ အချက်အလက်တွေကလည်း ရှာဖွေဖို့မခက်ခဲလောက်ဘူးဆိုပြီးတော့ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့ဖို့ဆုံးဖြတ်လိုက်တယ်”လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ရှမ်းနီလူငယ်များအဖွဲ့ချုပ် အတွင်းရေးမှူး ဆေကောင်းဖှက ပြောပြပါတယ်။

ဒီကော်မတီဖွဲ့စည်းတဲ့ အစည်းအဝေးပွဲမှာ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အသီးသီးများ ၊ အရပ်ဘက်အဖွဲ့အစည်းများ နဲ့ တသီးပုဂ္ဂလ ရှမ်းနီသမိုင်းသုတေသီတွေလည်း ပါဝင်ခဲ့ကြပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေက ကချင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလဲ နေထိုင်တာကြောင့်ဒီကော်မတီမှာပါဝင်ဖို့  စစ်ကိုင်းတိုင်းက ရှမ်းနီစာယဉ် ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို  ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီကော်မတီမှာ နယ်မြေဒေသမရွေးက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်လို့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲမှာနေထိုင်ကြတဲ့  တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားနေ့တွေကို သတ်မှတ်ဖို့အတွက် အကြောင်းကြားတာမျိုးမရှိသေးဘူးလို့လည်း စစ်ကိုင်းတိုင်းအတွင်းက ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု အဖွဲ့တွေဆီကသိရပါတယ်။

ရှမ်းနီလူငယ်များအဖွဲ့ချုပ်နဲ့  ရှမ်းနီအရပ်ဘက်အဖွဲ့တချို့ ၊ စာပေယဉ်ကျေးမှုအဖွဲ့တချို့ပူးပေါင်းပြီး  မတ်လ ၁၃ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ပြုလုပ်နေမှုတွေလည်းရှိပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...