စစ်ကောင်စီတပ်ရှိနေတာကြောင့် ဖရူဆိုမြို့အနီးနားက ဒေသခံတွေ နေရပ်ပြန်စိုက်ပျိုးရေးမလုပ်နိုင်

စစ်ကောင်စီတပ်ရှိနေတာကြောင့် ဖရူဆိုမြို့အနီးနားက ဒေသခံတွေ နေရပ်ပြန်စိုက်ပျိုးရေးမလုပ်နိုင်

ဖရူဆိုမြို့နဲ့ အနီးနားက ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံတောင်သူတွေဟာ စစ်ကောင်စီတပ်တွေရှိနေတာကြောင့် နေရပ်ပြန် စိုက်ပျိုးရေးမလုပ်နိုင်ကြဘူးလို့ သိရပါတယ်။

“တောင်ယာပြန်စိုက်တဲ့ရွာသားတွေကို စစ်သားက ဖမ်းမိဖူးတာကြောင့် တောင်ယာပြန်စိုက်လို့ အဆင်မပြေဘူး၊ စစ်သားနဲ့ တိုးမှာကြောက်တယ်၊ ပြီးတော့ မိုင်းတွေ ထောင်ထားမှာလည်းကြောက်တယ်။” လို့ ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကောက်ပဲသီးနှံစိုက်ပျိုးမှုကိုပဲ အားထားရတဲ့ ဖရူမြို့နယ်က စစ်ရှောင်တွေဟာ နေရပ်ပြန်ပြီး တောင်ယာစိုက်ပျိုးခွင့်မရတာကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နဲ့ အနီးတဝိုက်မှာ ရှိတဲ့ ကျေးရွာတွေဟာ တိုက်ပွဲတွေကြောင့် နေရာအနှံ့အပြား ပြန့်ကျဲပြီး စစ်ဘေးရှောင်နေရတာပါ။

“တအားခက်ခဲတယ်။ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ၊ မစဉ်းစားတတ်တော့တဲ့ အထိပဲ။ ပြန်လာတဲ့ တနေ့ကျရင် ဘာစားကြမလဲပေါ့။ တချို့ကတော့ ဒီအနီးမှာပဲ တောင်ယာလုပ်စားတာရှိတယ်၊ တစ်ချို့ကတော့ ဟိုးရွာအနီးနားမှာ ခိုးပြီး တောင်ယာပြန်လုပ်နေတာရှိတယ်။” လို့ လက်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်တဲ့ ဖရူဆိုမြို့အနီးနားကျေးရွာက တောင်သူတစ်ဦးကပြောပါတယ်။

ဖရူဆိုမြို့အတွင်းနဲ့ မြို့အဝင်အထွက်မှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၄၂၈ တပ် နဲ့ ၅၃၁ တပ်တွေရှိနေတဲ့အပြင် ဖရူဆိုမြို့တွင်းမှာ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေတာကြောင့် တောင်ယာပြန်လုပ်လို့မရတဲ့ အနေအထားဖြစ်တယ်လို့ဆိုပါတယ်။

အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲခရီးသွားလာဖို့မပြုဖို့၊ အရေးကြီးကိစ္စရှိပါက သတိထားပြီးသွားလာကြဖို့ KNDF တပ်ရင်းအသီးသီးက မေတ္တာရပ်ခံထားတာရှိပါတယ်။ လတ်တလောမှာလည်း ဖရူဆိုမြို့နယ်အတွင်းမှာ မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။

လက်ရှိဖရူဆိုမြို့နယ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိပြီး အလှူရှင်တွေက လာရောက်ပေးလှူတဲ့ ဆန်၊ ရိက္ခာခြောက်၊ အသုံးအဆောင်ပစ္စည်းကိုပဲ အားထားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...