ဖရူဆိုတွင် အရေပြားယားနာ ကူးစက်မှုများပြားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်

ဖရူဆိုတွင် အရေပြားယားနာ ကူးစက်မှုများပြားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အရေပြား ယားနာ ဖြစ်ပွားမှုနှင့် ကူးစက်မှုများ ပိုမိုများပြားလာသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေ ကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

ကျန်းမာရေးဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက “ဖြစ်တာတော့ ကြာပြီ။ ကူးလည်းကူးတယ်၊ ပြန်ဖြစ်တာလည်း ရှိတယ်။ အရွယ်စုံဖြစ်တယ်” ဟု ပြောသည်။

အရေပြားယားနာ ဖြစ်ပွားသူများအနက် ကလေးငယ်များကို အများဆုံး တွေ့ရပြီး သက်ကြီးရွယ်အိုများတွင် လည်း ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။

အချို့ကလေးငယ်များတွင် ဦးခေါင်းတစ်ခုလုံး ပြည်ဖုများ ထွက်သည် အထိ ယားနာမှုများ ပြင်းထန်လျက်ရှိ သည်။

လက်ရှိတွင် အရေပြားကူးစက်ယားနာမှုကို ကုသနိုင်ရန် သောက်ဆေးနှင့် လိမ်းဆေးများကို အဓိက လိုအပ်နေပြီး အခမဲ့ဆေးခန်းမှ ဆေးဝါးလိုအပ်ချက် အပြည့်အဝ မပေးနိုင်သဖြင့် လူနာများအနေဖြင့် ကိုယ်တိုင်ဆေးဝယ်ယူရန် ငွေကြေးအခက်အခဲ ကြုံတွေ့နေရသည်။

ဒေသတွင်း ကျန်းမာရေးဝန်ထမ်းက“လိမ်းဆေးက တစ်ယောက်ဆို ငါးဘူးလောက်ကုန်တယ်။ ကျမတို့ဆေးခန်း က အခမဲ့ဆေးခန်းဆိုတော့ ငါးဘူးပေးရမယ့်အစား နှစ်ဘူးလောက်ပဲ ပေးနိုင်တယ်။ ကျန်တာ ကိုယ့်ဟာကိုယ် ဝယ်လိမ်းဖို့ ပြောတော့ မဝယ်လိမ်းနိုင်ကြလို့ ပြန်ပြန်ဖြစ်တာလည်းပါတယ်” ဟု ဆက်ပြောသည်။

အရေပြားယားနာ ဖြစ်ပွားသူများအနက် ပြန်လည်သက်သာပျောက်ကင်းခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး ဖြစ်ပွားနေ သူများလည်း ရှိနေသည်။

ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝယ်ယူရန် ငွေကြေး မတတ်နိုင်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အပြည့်အဝ မလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ယားနာ ပြန်လည်ဖြစ်ပွားခြင်းနှင့် ကူးစက်မှုများကို ဖြစ်စေကြောင်း ကျန်းမာရေး ဝန်ထမ်းများက ထောက်ပြသည်။

အဆိုပါ ဒေလကြိုကျေးရွာအုပ်စုအတွင်း၌ လူဦးရေ ၁,၀၀၀ ကျော် ရှိပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ စစ်ဘေး ရှောင်လာသည့် ပြည်သူများလည်း စုပေါင်းနေထိုင်လျက်ရှိသည်။

Most read this week

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...