ရဲတပ်ဖွဲ့ကိုသက်စွန့်တာဝန်စရိတ် တစ်လတစ်သောင်းထောက်ပံ့မယ်လို့စစ်ကောင်စီဆို

ရဲတပ်ဖွဲ့ကိုသက်စွန့်တာဝန်စရိတ် တစ်လတစ်သောင်းထောက်ပံ့မယ်လို့စစ်ကောင်စီဆို

မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တစ်ဦးကို ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်အနေနဲ့ တစ်လတစ်သောင်းကျပ် ထောက်ပံ့မယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ကြေညာပါတယ်။

နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ ပြည်သူတွေလုံခြုံမှုရှိစေဖို့ ၊ ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကို အသက်စွန့်ကာကွယ်စောင့်ရှောက်ဖို့ ထောက်ပံ့ပေးတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ထောက်ပံ့မှုတွေကို လာမယ့် ဩဂုတ်လစပြီး ထောက်ပံ့မှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး က ကြေညာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့  စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ထားသော  စီးပွားရေးရာကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်က ပြည်ထဲရေးဌာနက  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြထားမှုအရ ရဲတပ်ဖွဲ့အင်အား ၈ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ရဲတပ်ဖွဲ့တွေကနေ CDM လုပ်လာသူတွေလည်း ၈ ထောင်နီးပါးရှိနေတယ်လို့လည်း NUG ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့အပြားမှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာ ၊ စခန်းတွေ သိမ်းပိုက်ခံရမှုတွေ မကြာခဏရှိနေပြီး  နယ်မြေရဲစခန်းတွေကို ရုပ်သိမ်းကာ မြို့နယ်ရဲစခန်းတစ်ခုတည်းမှာ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...