ရှမ်းပြည်အရှေ့ပိုင်း မိုင်းလင်း ရွှေတူးဖော်မှု ကိုရပ်ဆိုင်းဖို့ တောင်းဆို

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလင်း ရွှေတူးဖော်မှု ကိုရပ်ဆိုင်းဖို့ တောင်းဆို
ရွှေတူးဖော်မှုကြောင့်ရေကြီးရေလျှံ ဖြစ်ပေါ်နေစဉ်
ရွှေတူးဖော်မှုကြောင့်ရေကြီးရေလျှံ ဖြစ်ပေါ်နေစဉ်

ရှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ်ခွဲနဲ့ မဲခေါင်မြစ်ကြားမှာရှိတဲ့ လွိုင်ခမ်းတောင်ကုန်းမှာ ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်မှုတွေကြောင့် သစ်တာ ၊ လယ်ယာမြေပျက်စီးမှု ၊ရေထုညစ်ညမ်းမှုတွေကို ဒေသခံတွေခံစားနေရတယ်လို့ဆိုပါတယ်။

လွိုင်ခမ်းပတ်ဝန်းကျင်အနီးက ဒေသခံ ၃၅၀ နီးပါးက လယ်ယာမြေလုပ်ကိုင်နေကြပြီး သူတို့တွေရဲ့ လယ်ယာမြေပျက်စီးမှုကြုံတွေ့နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြောဆိုပါတယ်။

ဒီလိုပျက်စီးနေမှုတွေကြောင့် ဒီရွှေတူးဖော်မှု စီမံကိန်းကို ခြွင်းချက်မရှိလုံးဝရပ်ဆိုင်းဖို့ ၊ပျက်စီးသွားတဲ့ မြေတွေကို ပြင်လည်ပြုပြင်ပေးဖို့ နဲ့ လျော်ကြေးအပြည့်အဝပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

လွိုင်ခမ်းတောင်ကနေ ချောင်းဖျားခံလာတဲ့ နမ့်ခမ်းချောင်းနဲ့ နမ့်လင်းချောင်းကို အားထားရတဲ့ ရွာသား ၁၅၀၀ ကလည်း ရွှေတူးဖော်မှုတွေ ထပ်ချဲ့လာမှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

ဒေသခံတွေ ချက်ပြုတ်စားသောက်ရေးအတွက် မှီခိုနေရတဲ့  ဒီချောင်းတွေ တိမ်ကောလာပြီး ရွံ့နွံတွေကြောင့်လည်း ညစ်ညမ်းနေကာ အသုံးပြုလို့မရနိုင်တော့ဘူးလို့ ဆိုပါတယ်။

ရွှေတူးဖော်မှုတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက လုပ်ဆောင်လာခဲ့ကြပြီး ဒေသခံတွေက ပျက်စီးသွားတဲ့ လယ်ယာမြေ ၊ စိုက်ပျိုးသီးနှံတွေအတွက် လျှော်ကြေးငွေအနည်းငယ်သာရရှခဲ့တယ်လို့လည်းဆိုပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...