မပေါက်ကွဲသေးတဲ့ မိုင်းဆော့ကစားမိရင် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

မပေါက်ကွဲသေးတဲ့ မိုင်းဆော့ကစားမိရင် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ ပေပင်ကျေးရွာက ကလေးငယ်နှစ်ဦး မပေါက်ကွဲသေးတဲ့ မိုင်းဆော့ကစားရင်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကလေးမိဘတွေဆီကနေသိရပါတယ်။

ပေပင်ကျေးရွာအနောက်ဘက် ဦးညွှန့်ဝင်းအိမ်နောက်မှာ မပေါက်ကွဲပဲကျန်ရှိနေတဲ့ မိုင်းကို မနေ့က တွေ့ရှိခဲ့ကြပြီး ဇူလိုင်လ ၂၁ ရက်နေ့မနက်ပိုင်းမှာ  ကလေးငယ်တွေ သွားဆော့ကစားရင်းပေါက်ကွဲတာလို့ဆိုပါတယ်။

“ မနက်ကလေးတင် ရေခပ်ခိုင်းတာ ထမင်းဟင်းချက်ဖို့အတွက် တစ်အောက့်လေးတင်လစ်သွားတာ ၊ ခဏတော့မိုင်းသံကြီးကြားရပြီ အိုး.. ဘာကြီးလဲလို့ တူမီးပစ်ကြတာလားလို့ အစ်မကလေ ၊ နောက်တော့မှာ ပွေ့လို့ပြေးခဲကြတာလေသူများတွေက ” လို့ မိုင်းထိမိတဲ့ ကလေးမိဘ ဒေါ်ဌေးကပြောပြပါတယ်။

မိုင်းထိခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်ထူးခန့်ကျော်က လက်မောင်း ၊ ခြေထောက် ၊ လက်ကောက်ဝတ် ၊ ခြေသန်း ၊ ခေါင်း စတဲ့နေရာတွေမှာ မိုင်းစထိမှန်ခဲ့တာဖြစ်ပြီး နောက်ကလေးငယ်တစ်ဦးဖြစ်တဲ့ မောင်နေမင်းစိုးက ပေါင်နဲ့ ကျောဘက်မှာ မိုင်းစထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိသူတို့နှစ်ဦးက ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဒဏ်ရာ မစိုးရိမ်ရဘူးလို့ မိဘတွေက ရှမ်းနီအသံကိုပြောဆိုပါတယ်။

မိုင်းထိမှန်ခဲ့ကလေးငယ်နှစ်ဦးရဲ့ မိဘတွေကတောသူတောင်သားတွေဖြစ်တာကြောင့်ဆေးကုသမှုအတွက် ငွေကြေးဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီပေပင်ကျေးရွာအတွင်းမှာ မပေါက်ကွဲသေးတဲ့ မိုင်းနဲ့ လက်နက်ကြီးကျည်သုံးလုံးရှိပြီး ဘယ်သူတွေရဲ့ လက်နက်ဖြစ်တယ်ဆိုတာ အတည်ပြုလို့မရနိုင်သေးပါဘူး။

ဇူလိုင်လပထမအပတ်ထဲမှာ ပေပင် ၊ ကျောက်အိုက်တဝိုက်မှာ ဒေသခံကာကွယ်ရေးတပ် PDF နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံအားလုံး နီးစပ်ရာကျေးရွာတွေနဲ့ ဗန်းမောက်မြို့ပေါ်ကို ထွက်ပြေးခိုလှုံခဲ့ရတာလည်းဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...