တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်းက အများပြည်သူသို့ သတိပေးစာထုတ်ပြန်

တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်းက အများပြည်သူသို့ သတိပေးစာထုတ်ပြန်

ဒေသတွင်းတိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် အများပြည်သူအနေဖြင့် သတိထားပြင်ဆင်နိူင်ရန် မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W က သတိပေးစာတစ်စောင်ကို ၎င်းတို့၏ လူမှုမီဒီယာ စာမျက်နှာမှတဆင့် ယမန်နေ့ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

” အခြေနေက ဆိုးဝါးတဲ့ဘက်ကို ဦးတည်နေပါတယ်။ ဒါကြောင့်လဲ ပြည်သူတွေ သတိရှိဖို့ ပြင်ဆင်စရာတွေ ပြင်ဆင်ဖို့ သတင်းပေးပို့ထားတာပါ။”ဟု M2W တပ်ရင်းတာဝန်ရှိသူတစ်ဦးကဆိုသည် ။

အဆိုပါ သတိပေးနိူးဆော်စာတွင် မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ လှုပ်ရှားမှုတွေ ရှိလာနေသဖြင့် တိုက်ပွဲဖြစ်ရန် စစ်မြူနေသည်ဟု ယူဆသောကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို အထူးသတိပြုကြရန်နှင့် စစ်ရှောင်လိုပါကလည်း စစ်ကောင်စီတပ်များနှင့် လွတ်ကင်းရာနေရာများသို့ ကြိုတင်တိမ်းရှောင်ကြရန် ၊ ကိုယ်တိုင်တိုက်ပွဲဝင်မည်ဆိုပါက တစ်စုံတစ်ရာ  ကြိုတင်ပြင်ဆင်ထားရန် ၊ ရိက္ခာခြောက်များ ကြိုတင်ပြင်ဆင်ထားကြရန် ဟု  ဖော်ပြထားသည် ။

မြောင်ဒေသအတွင်း လှုပ်ရှားနေသော စစ်အင်အားမှာ ၆၀ ဝန်းကျင်ခန့်ဆိုသော်လည်း သာလွန်လက်နက်အင်အားရှိပြီး လေယာဉ်ပစ်ကူပါ အချိန်မရွေးလာရောက်နိူင်သဖြင့် ပြည်သူများအတွက် ချိန်ဆနေရကြောင်း M2W တာဝန်ရှိသူက ဆိုသည် ။

မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း M2W သည်  စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေသော ကာကွယ်ရေးတပ်ဖွဲ့များစွာထဲမှ အမျိုးသမီးများဖြင့် သီးသန့်ဖွဲ့စည်းထားသော တစ်ဖွဲ့တည်းသော ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...