လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် စာသင်ကျောင်း(၅)ကျောင်း ကို ယာယီပိတ်ထား

လက်နက်ကြီးကျရောက်ခဲ့တဲ့အတွက် စာသင်ကျောင်း(၅)ကျောင်း ကို ယာယီပိတ်ထား

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်တွေနေထိုင်တဲ့ ကျေးရွာအနီး လက်နက်ကြီးကျရောက်ခဲ့ပြီး ထပ်မံကျရောက်မှာစိုးရိမ်တဲ့အတွက် စာသင်ကျောင်း (၅)ကျောင်း ကို ယာယီပိတ်ထားလိုက်တယ်လို့ စစ်ရှောင်ပညာရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ ဒါက လက်နက်ကြီးကျလို့ ကလေးတွေက စိုးရိမ်လို့ ခဏလေး ပိတ်ထားတယ်။ ခဏလေး နားထားတယ်။ အဲ့လိုမျိုးပေါ့နော။” လို့ ၎င်းက ပြောပါတယ်။

အထက်တန်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း ၃ ကျောင်းကို စစ်ရှောင်တွေနေထိုင်တဲ့ ကျေးရွာမှာ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၁၃၄၈ဦး တက်ရောက်နေတာဖြစ်ပါတယ်။

ကျောင်းဖွင့်လှစ်သင်ကြားတာ တစ်လကျော်သာရှိသေးပြီး ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာတော့ တိတိကျကျမသိရသေးဘူးလို့ ပြောပါတယ်။

“ဘယ်လောက်အထိ ပိတ်မလဲဆိုတာ ပြောလို့မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ကျောင်းက ခွဲဖွင့်ထားတာဆိုတော့ အရမ်းမစိုးရိမ်ရတဲ့နေရာက မနက်ဖြန်မဟုတ်ရင် သဘက်ခါဖွင့်မယ်။ ပြောလို့မရဘူးပေါ့နော။ ဒါပေမယ့် ကလေးတွေရဲ့ အခြေအနေနဲ့ သင်ကြားတဲ့ဆရာဆရာမအပေါ်မူတည်ပြီးတော့ ကျောင်းက နားတဲ့အတိုင်းအတာအထိ ပြန်ပြောလို့ရမယ်။” လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးလေးလုံး ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်တွေနေထိုင်တဲ့ ကျေးရွာတွေကို ကျရောက်ခဲ့တာကြောင့် ဒေသခံစစ်ရှောင်တွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။ လူထိခိုက်မှုမရှိပေမယ့် နေအိမ်ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။

ကြားကာလပညာရေးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ( ၃၀၀ ) ကျော်ရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ပြောဆိုထားတာရှိပါတယ်။ ကျေးရွာအတွင်း၊ စစ်ရှောင်နေရာတစ်ဝိုက်တွေမှာ လက်နက်ကြီး မကြာခဏကျရောက််မှုရှိတာကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ်ထားနေကြရတာဖြစ်ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...