ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂကနေပြီး CDM ပညာရေးဝန်ထမ်းတွေဆီ သိန်း(၂၄၀၀)ကျော် ထောက်ပံ့ပေးခဲ့

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂကနေပြီး CDM ပညာရေးဝန်ထမ်းတွေဆီ သိန်း(၂၄၀၀)ကျော် ထောက်ပံ့ပေးခဲ့

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ ကနေပြီး ကရင်နီပြည်နယ်အတွင်းက CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပညာရေးဝန်ထမ်း (၂၇၉၈)ဦးကို သိန်း (၂၄၀၀)ကျော် ထောက်ပံ့မှုပေးနိုင်ခဲ့ပါတယ်။

ပထမအကြိမ် သိန်း (၃၀၀)၊ ဒုတိယအကြိမ် သိန်း (၆၀)၊ တတိယအကြိမ် သိန်း (၁၀၉၅) နဲ့ စတုတ္တအကြိမ် သိန်း(၉၄၀) စုစုပေါင်း သိန်း (၂၄၀၀)ကျော်ကို ခွဲဝေထောက်ပံ့မှုပေးခဲ့တာဖြစ်ပါတယ်။

တစ်ဦးကို ၅သောင်းကျပ်နဲ့ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး တချို့ ကျန်ရစ်တာ ရှိနေသေးတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦး ကပြောပါတယ်။

“ တစ်ယောက်တစ်ကြိမ် ငါးသောင်းနှုန်း ကျနော်တို့ ပေးခဲ့ပြီးပြီဖြစ်တယ်။ (၂၇၉၈)ဦးမှာ အကုန်လုံးဆိုတာထက် ကျနော်တို့ ချိတ်ဆက်လို့ရတာ အကုန်လုံး ရအောင် ချိတ်ဆက်ပြီး ပေးတယ်ပေါ့။ တစ်ယောက်ကို အနည်းဆုံး တစ်ကြိမ်တော့ ရအောင်ပေးတယ်ပေါ့။ အဲ့လိုမျိုးရှိတယ်။ လုံးဝအဆက်အစပ်မရတဲ့ ဆရာ၊ ဆရာမတစ်ချို့လည်း ရှိနေတယ်ပေါ့။ အဲ့ဒီ ဆရာ၊ ဆရာမ တချို့တလေ လည်း ကျန်တယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

CDMပညာရေးဝန်ထမ်းထဲမှာမှ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ၊ ကျန်းမာရေး ခက်ခဲတဲ့သူတွေ၊ နေအိမ်မီးလောက်ပျက်စီး ဆုံးရှုံးတဲ့သူတွေဆိုရင် ပိုပြီးထောက်ပံ့တာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အလှူရှင်တွေဆီကနေ ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ ထောက်ပံ့မှု ပြုလုပ်နေရတာဖြစ်ပြီး ရန်ပုံငွေ အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

“ အလှူရှင်ချိတ်ဆက်မှုကနေပြီးတော့ ကျနော်တို့ ရတယ်ပေါ့။ NUG , KSCCကနေပြီးတော့ CDMထောက်ပံ့မှု ဆိုပြီးတော့ ရတာတော့ မရှိသေးဘူး။ ဒါပေမယ့် CRPHဖက်ကနေပြီးတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အယောက် ၁၀၀ စာအတွက် သိန်း ၅၀ စာ တစ်ခါရလာဖူးတယ်။ ဝန်ကြီးဌာနတွေ သက်ဆိုင်ရာ အစိုးရဌာန စတာတွေ ကနေပေါ့ ထောက်ပံ့ပေးတာ မရှိသေးပါဘူး။ “ လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦး က ဆက်ပြောပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ၊ရှားတော၊ ဖယ်ခုံ မြို့နယ်တွေမှာရှိတဲ့ CDMပညာရေးဝန်ထမ်းတွေကို ထောက်ပံ့မှုပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကနေ ကျောင်းပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားတဲ့ ဧပြီ၊ မေ၊ ဇွန်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် CDM ကနေ Non-CDM ပြန်လည်ပြုလုပ်ခဲ့တဲ့ သူတွေလည်းရှိပြီး လွိုင်ကော်မြို့နယ်ဖက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကြားကာလမှာ CDMပြုလုပ်တဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း ဆက်လက်ပြီး ပါဝင် တော်လှန်ပေးဖို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ တိုက်တွန်းပြောဆိုထားပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...