လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အများစုခိုလှုံနေတဲ့ ကျေးရွာထဲ ကျရောက်ခဲ့

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အများစုခိုလှုံနေတဲ့ ကျေးရွာထဲ ကျရောက်ခဲ့

ဇူလိုင်လ ၁၈ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတချို့နဲ့ စစ်ရှောင်နေရာအချို့မှာ ကျရောက်တာတွေ ရှိခဲ့ပါတယ်။ ဒီးမော့ဆိုအနောက်ဖက်ခြမ်း က စစ်ရှောင်အများစု ခိုလှုံနေတဲ့ ကျေးရွာတစ်ခုမှာလည်း လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

” လက်နက်ကြီးမပစ်ခင်ကတည်းကဖုန်းလိုင်းတွေပျက်နေတယ်။ နေ့လည်၁နာရီခွဲဝန်းကျင်လောက်မှာ စာသင်ကျောင်းဘေးကအိမ်သာမှာ လာကျတယ်။ ရွာအဝင်မှာလည်း တစ်လုံး ဟိုဘက်ရပ်ကွက်မာလဲ တစ်လုံးကျတယ်။ အဲ့စာသင်ကျောင်းမှာနေတဲ့စစ်ရှောင်တွေ အခြားနေရာပြောင်းသွားကြတယ်။ တချို့က တောင်ယာမှာသွားအိပ်ကြတယ်။ လူတွေထိခိုက်တာတော့မရှိဘူး ” လို့ ဒီးမော့ဆိုအနောက်ခြမ်း ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာထဲမှာ လက်နက်ကြီး ပထမဆုံးကျရောက်တာဖြစ်ပြီး စစ်ရှောင်စာသင်ကျောင်းတွေလည်း ယာယီ ပိတ်ထားရတယ်လို့ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။

” လက်နက်ကြီးကျတဲ့ချိန်က ကလေးတွေစာသင်နေတာလေ။ အကုန်ပြန်ခိုင်းလိုက်ရတယ်။ ကျောင်းလည်းယာယီပိတ်ထားဦးမယ် ” လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာထဲကို လက်နက်ကြီးနှစ်လုံးကျရောက်ပြီးနောက် ဘေးနားက ကျေးရွာထဲလည်း လက်နက်ကြီး ၂လုံးကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားရှိရာနေရာကို လက်နက်ကြီးပစ်ခတ်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဒီဖက်ဒေသကဆို စစ်ဘေးရှောင်နဲ့ ရွာသားတွေပဲ ရှိတဲ့ဖက်ကို စစ်ကောင်စီက အကြောင်းမဲ့ သက်သက် ဒီလို ပစ်ခတ်တယ်ဆိုတာကတော့ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို အဆုံးစွန်အထိ ဆက်ပြီး ကျူးလွန်နေတယ်လို့ပဲ မြင်မိတယ်ပေါ့။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတချို့မှာလည်း လက်နက်ကြီးကျရောက်တာတွေရှိခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ဖက်ကိုလည်း လေး၊ ငါးလုံးလောက် ကျတယ်။ အထိခိုက်တော့ လူတွေတော့ ထိခိုက်မှု မရှိဘူး။ ဒါပေမယ့် ရွာထဲမှာ ကျတဲ့ဟာကို အိမ်တွေ နည်းနည်းပါးပါး စင်ထိတာတွေ ရှိတယ်ဗျ “ လို့ ဒီးမော့ဆိုရှေ့ဖက်ခြမ်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင် ဇူလိုင် ၁၇ နဲ့ ၁၈ ရက် နှစ်ရက် ဆက်တိုက် လက်နက်ကြီး တောက်လျှောက်ပစ်ခတ်မှုရှိခဲ့တာဖြစ်ပါတယ်။

 ဒီးမော့ဆိုမြို့နယ် ကုန်းသာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ မိနစ် ၃၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ကျေးရွာ၊ စစ်ရှောင်တွေဖက်ကို လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်တာတွေ ရှိခဲ့တယ်လို့ (KRU) က ဇူလိုင် ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာရှိပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...