မိုးကောင်းမြို့နယ် စည်ပင်သာယာရုံး ဗုံးပေါက်ကွဲပြီးနောက် ရုံးနဲ့ရဲစခန်းတွေမှာ ပါဆယ်အထုပ်အပိုးတွေကို စစ်ဆေးဖို့ညွှန်ကြား

မိုးကောင်းမြို့နယ် စည်ပင်သာယာရုံး ဗုံးပေါက်ကွဲပြီးနောက် ရုံးနဲ့ရဲစခန်းတွေမှာ ပါဆယ်အထုပ်အပိုးတွေကို စစ်ဆေးဖို့ညွှန်ကြား

မိုးကောင်းမြို့နယ် စည်ပင်သာယာရုံးမှာ ဇူလိုင်လ ၁၅ ရက်နေ့က ကြက်ပေါင်းခေါက်ဆွဲချိုင့်ထဲ မိုင်းထည့်ပြီးပါဆယ်ပေးပို့ခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် ပါဆယ်အထုပ်အပိုးတွေကို စစ်ဆေးဖို့တွေ ညွှန်ကြားထားတယ်လို့  ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရဲ့ စာအရ သိရပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲခါနီးအချိန်မှာ စည်ပင်သယာရုံးရဲ့ AD ဦးမျိုးသန့်ဆီကို လာရောက်ပို့ဆောင်တဲ့ ချိုင့်ထဲမှာ မိုင်းတွေထည့်ခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ဒီလိုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ရဲစခန်း ၊အချုပ်ခန်းတွေက တရားခံတွေနဲ့ ရုံးထုတ်တဲ့အချိန် လာရောက်ပို့ဆောင်တဲ့ ပါဆယ်ထုတ် ၊ ထမင်ချိုင့် ၊ အထုပ်အပိုးတွေနဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးဖို့နဲ့ မသင်္ကာရင် လက်မခံဖို့ အတွက် ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

လိုအပ်ရင်လည်း ဖမ်းဆီးစစ်ဆေးဖို့အတွက်လည်း အဲ့ဒီညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒီညွှန်ကြားစာက ကချင်ပြည်နယ်က ခရိုင်ရဲဌာနတွေဖြစ်တဲ့  မြစ်ကြီးနား ၊ မိုးညှင်း ၊ ဗန်းမော် ၊ ပူတာအို စတာတွေကိုလည်း ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

မိုးကောင်းမြို့မှာ ပေါက်ကွဲမှုဖြစ်ပွာ ( ၂) ကြိမ်ပြီးနောက် လုံခြုံရေးနဲ့ စစ်ဆေးမေးမြန်းမှုတွေက ယခင်ထက်လည်းပိုတင်းကြပ်မှုတွေ ရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...