ဗန်းမောက်မြို့နယ်က ပညာရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်းစတဲ့နေရာတွေမှာအသံမိုင်းပေါက်ကွဲမှုဖြစ်

ဗန်းမောက်မြို့နယ်က ပညာရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်းစတဲ့နေရာတွေမှာအသံမိုင်းပေါက်ကွဲမှုဖြစ်

ဗန်းမောက်မြို့ပေါ်မှာ  ဇူလိုင်လ ၁၉ ရက်နေ့မနက်ပိုင်းမှာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းအနီး လမ်းမဘေးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီမိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် အနီးနားက တိုက်အိမ်ရဲ့ မှန်တွေကွဲအက်ကုန်တယ်လို့လည်း ပြောကြပါတယ်။

“ ဒီနေ့ ၁၂ နာရီအချိန်က မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းလမ်းကြားမှာ အသံမိုင်းပေါက်ကွဲခဲ့တာပါ” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ည  ၈နာရီခွဲအချိန်ကလည်း မြို့နယ်ပညာရေးမှူးရုံးရှေ့ နဲ့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွေမှာအသံမိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် ဗန်းမောက်မြို့အနီးနားက လောင်းကစားဝိုင်းအနီးနားမှာလည်း မပေါက်ကွဲသေးတဲ့ အသံမိုင်းတစ်လုံး ထပ်မံတွေ့ရှိမှုဖြစ်ပွားခဲ့ပါတယ်။

ဒီလိုမိုင်းဖောက်ခွဲခဲ့မှုတွေကို ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်းကိုတော့ မသိရသေးပေ။

၂၀၂၂ ခုနှစ်အတွင်းမှာ ဗန်းမောက်မြို့နယ် စည်ပင်သာယာရုံးအနီး ၊ မြို့နယ်ထွေအုပ်ရုံး ၊မြို့နယ်လျှပ်စစ်ရုံး ၊ လွှစင်ကုန်းကျေးရွာအနောက်ဘက် မိုင်တဲတာဝါတိုင် နဲ့ လမ်းမတွေမှာ အသံမိုင်းတွေပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...