တိုက်ပွဲ များဖြစ်ပွားနေမှုကြောင့် ဗန်းမောက်မြို့နယ်က ကျေးလက်ဒေသတချို့မှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိသေး

တိုက်ပွဲ များဖြစ်ပွားနေမှုကြောင့် ဗန်းမောက်မြို့နယ်က ကျေးလက်ဒေသတချို့မှာ စပါးစိုက်ပျိုးနိုင်ခြင်းမရှိသေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသက ကျေးလက်ဒေသတချို့မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောင်သူတွေ စပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ ကျန်တဲ့ ကျေးလက်ဒေသများမှာတော့ မိုးကောင်းလို့ ပျိုးထောင်ပြီး စပါးတွေစိုက်လို့ ပြီးကုန်ပြီ ကျွန်တော်တို့ ဗန်းမောက် အရှေ့ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်း ဒေသမှာတော့ တိုက်ပွဲတွေဖြစ်နေကြတော့ ပျိုးထောင်ချိန်လွန်ပြီး စပါးစိုက်ပျိုးချိန်ရောက်လည်း မလုပ်ကိုင်နိုင်ကြသေးဘူး ဖြစ်နေတယ်၊ စစ်ဘေးရှောင် နေကြရတယ်လေ” လို့ ခရေပြင်ကျေးရွာနေ တောင်သူတစ်ဦးကပြောပါတယ်။

ဒီနှစ်လယ်ယာလုပ်ငန်းအတွက် မိုးရေအလုံအလောက်ရရှိမှုကြောင့်  ဗန်းမောက်မြို့နယ် အနောက်ဘက်နဲ့ မြောက်ဘက်ဒေသတွေမှာ စပါးစိုက်ပျိုးနေကြပြီဖြစ်သော်လည်း ဗန်းမောက်တောင်ပိုင်းဒေသက  စပါးစိုက်တောင်သူတွေက စစ်ဘေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့   PDF တို့သည် ဇွန်လ ၂၆ ရက်နေ့မှစပြီး   ကျောက်အိုင်ရွာ၊ ခရေပြင်ကျေးရွာ၊ သောင်ကြီးကျေးရွာနှင့် နားမော်ကျေးရွာများတို့မှာ ယနေ့အထိ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

အဲ့ဒီကျေးရွာခံတွေနဲ့ အနီးနားကျေးရွာတွေဖြစ်တဲ့  လယ်ဦးကျေးရွာ၊ အလယ်ကန်ကျေးရွာ၊ ထိန်ဆုံကျေးရွာ၊ ကျွဲကောကြီးကျေးရွာ၊ပါယကျေးရွာ၊ ပေါင်းနှောက်ကုန်းကျေးရွာ၊ ကျောက်ပန်းကျေးရွာနှင့် နားမှော်ကျေးရွာများရှိ ပြည်သူများမှာ ဗန်းမောက်မြို့ပေါ်နှင့် တိုက်ပွဲများမရှိကြသည့် ကျေးလက်ဒေသ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေကြရတာလည်းဖြစ်ပါတယ်။

“ ဒီနှစ်သာစပါးမစိုက်လိုက်ရဘူးဆိုရင် ဆန်ဝယ်စားရတော့မှာ အချိန်မှီလေး စပါးစိုက်ပျိုးရအောင်  တိုက်ပွဲဖြစ်နေတာတွေကို ရပ်တန့်စေချင်လှပြီ” ဟု တောင်သူတစ်ဦးက ပြောသည်။

ဗန်းမောက်မြို့နယ်မှာ နှစ်စဉ်စပါးစိုက်ပျိုးတဲ့ ဧက သုံးသောင်းကိုးထောင်နီးပါးရှိနေပြီး စပါးတင်းပေါင်း ၃ သန်းခွဲကျော်ထွက်နေတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...