NUG အစိုးရက လာမည့်ဖေဖော်ဝါရီလတွင် အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်သည့် စာမေးပွဲကျင်းပမည်

NUG အစိုးရက လာမည့်ဖေဖော်ဝါရီလတွင် အခြေခံပညာအထက်တန်း ပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်သည့် စာမေးပွဲကျင်းပမည်

အခြေခံပညာအထက်တန်းပြီးမြောက်ကျောင်း စစ်ဆေးအကဲဖြတ်သည့်စာမေးပွဲကို လာမည့် ဖေဖော်ဝါရီ လတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက် နေ့တွင် ထုတ် ပြန်ကြေညာခဲ့သည်။

NUG ကျင်းပမည့်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် အသက် (၁၇) နှစ် ပြည့်ပြီးသူ၊ အခြေခံပညာနဝမတန်း(စနစ်ဟောင်း)တက်ရောက်ဖူးသူအားလုံး ဖြေဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ထုတ်ပြန်ချက်အရ စာမေးပွဲဖြေဆိုရန်အတွက် ၁၇ နှစ်ပြည့်ပြီးသော ကျောင်းသူကျောင်းသား တိုင်းဖြေဆိုရန် အခွင့်ရေးရှိကြောင်း တွေ့ရသည်။

ဖြေကြားမှုပုံစံများမှာ အင်တာနက်ရရှိသည့်ဒေသများတွင် အွန်လိုင်း (Online)မှ ဖြေဆိုစေခြင်း၊ အင်တာ နက်အခက်အခဲရှိသည့် ဒေသများတွင် အင်တာနက်မလိုသောနည်းပညာ (Offline Assessment Application) အသုံးပြု၍ ဖြေဆိုစေခြင်းနှင့် နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက်ရှိသော ဒေသ များတွင် မြေပြင် (On-ground) ဖြေဆိုစေခြင်းများ ဆောင်ရွက်မည်ဟု NUG ကဆိုသည်။

မေးခွန်းပုံစံမှာ နှစ်နာရီ မေးခွန်းပုံစံဖြစ်ပြီး စစ်ကောင်စီမေးခွန်းပုံစံများကဲ့သို့မဟုတ်ဘဲ သိရှိနားလည် သဘောပေါက်မှု (Knowledge and Understanding)၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်၍ အသုံးချနိုင်မှု (Application and Analysis) နှင့် လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီး ဖြေရှင်း နိုင်မှု (Creative Problem-solving) တို့ကို စစ်ဆေးအကဲဖြတ်သွားမည် ဖြစ်သည်။

NUG မှ စစ်ဆေးမည့်စာမေးပွဲပုံစံနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး ဝါရင့် ဆရာတစ်ဦးဖြစ်သူ ဒေါက်တာဘိုင်အိုက “ လက်ရှိစစ်ကောင်စီသွားနေတာက လှေကြီးထိုးပဲ။ ကျောင်း သားတွေကို သုံးလေးလသင်လိုက်တယ်။ သင်ရိုးညွန်းတမ်းကို တစ်ဝက်လောက်လျှော့ပြီး ဖျက်ပေးလိုက် တယ်။ အလွတ်ကျက်တဲ့စာမေးပွဲတွေကို မေးတယ်။ အခု NUG က ကြေညာထားတာက ပညာတွေကို တတ်အောင် တကယ်လုပ်ထား။ သုံးနာရီအစား နှစ်နာရီပဲစစ်မယ်” ဟု ဆိုသည်။

NUG အနေဖြင့် ယခုပြောင်းလဲ သတ်မှတ်လိုက်သည့်စာမေးပွဲပုံစံမှာ ပညာရေးအသိုင်းအဝိုင်းတစ်ခုလုံးက မျှော်လင့်ခဲ့သော် အပြောင်းအလဲတစ်ခုဖြစ်သည်။ ပညာရေးကဏ္ဍအတွက် ကြီးမားသောပြောင်းလဲမှု ဖြစ်သည့်အတွက် ဆရာဆရာမများ၏ ကျွမ်းကျင်မှုနှင့် ကလေးများ၏ သင်ယူမှုများအတွက် စိန်ခေါ်မှုများ လည်းရှိလာနိုင်သည်။

“ဒါက ဆရာတို့အနေနဲ့က ကြိုဆိုရမယ့် ကောင်းတဲ့ကိစ္စလို့မြင်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ အကောင် အထည်ဖော်တဲ့နေရာမှာ စနစ်တစ်ခုကို ပြောင်းတာဖြစ်တဲ့အတွက် နည်နည်းတော့ခက်ခဲမယ်။ ပညာရေး ကဏ္ဍဖြစ်နေတော့လေ” ဟု အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ဝင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် မြို့နယ်အလိုက် ပညာရေး အဖွဲ့များကို ဖွဲ့စည်းထား ပြီး ဖက်ဒရယ်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။

အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းစာမေးပွဲကို ဖေဖော်ဝါရီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲအောင်ရှုံးသတ်မှတ်သွားမည်မဟုတ်ဘဲ အဆင့်သတ်မှတ်ချက်များသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...