မတူပီတွင် စစ်ကောင်စီဖွင့်လှစ်သည့်ကျောင်းများ၌ ပုံနှိပ်စာအုပ်မရှိဘဲ သင်ကြားနေရ

မတူပီတွင် စစ်ကောင်စီဖွင့်လှစ်သည့်ကျောင်းများ၌ ပုံနှိပ်စာအုပ်မရှိဘဲ သင်ကြားနေရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များကို ဇွန်လ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း ယနေ့အထိ Grade-9 ၊ Grade-10 နှင့် Grade-11 အတန်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်းရှိကျေးရွာများတွင် စာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိဘဲ မြို့ပေါ်ရှိ အထက (၁) နှင့် အထက(၂) ကျောင်း နှစ်ကျောင်းကိုသာ ဖွင့်လှစ်နိုင်ကြောင်း သိရသည်။

“ အခုဆိုရင် ကျောင်းဖွင့်တာ တစ်လကျော်ပြီပြောရမယ်။ ပုံနှိပ်စာအုပ်တွေမရှိသေးဘဲ ဒီတိုင်းသင်နေရ တယ်။ ရဟတ်ယာဉ် မဆင်းလို့။ ရဟတ်ယာဉ်ဆင်းရင် စာအုပ်တွေပါလာမယ်ဆိုပြီး ဆရာမတွေက ပြော ကြတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိဖွင့်လှစ်ထားသော အထက(၂)သည် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချနှင့် (၁၄၀)တပ်ရင်းမှ တပ် မိသားစုမှ ကျောင်းသားများ အများဆုံး တက်ရောက်နေကြောင်းသိရသည်။

“ မတူပီမှာက ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ CDM ဝင်တာ တော်တော်လေးများတယ်။ ဒါကြောင့် ရွာတွေမှာတာဝန်ကျတဲ့ Non-CDM တွေကို မြို့ပေါ်ကျောင်းတွေမှာပြန်ခေါ်ပြီး ပြန်တွဲထားကြတယ်။ စာလည်း သေသေချာချာမသင်နိုင်ပါဘူး။ အဓိက ပုံနှိပ်စာအုပ်တွေမရှိတာပေါ့။ ဆရာမတွေကိုင်မဲ့စာအုပ် တွေတောင် ခိုးကြောင်ခိုးဝှက်ကား သမားတွေကနေတဆင့် မှာရတယ်” ဟု ဆရာမတစ်ဦးက ဆိုသည်။

လက်ရှိတွင် မတူပီ-ပခုက္ကူကားလမ်း ပိတ်ဆို့မှုများကြောင့် အစိုးရဌာနဆိုင်ရာအပြောင်းအရွှေ့နှင့်ရုံးသုံး ပစ္စည်းများသယ်ယူရာတွင် အခက်အခဲများရှိနေပြီး ဝန်ထမ်းအပြောင်းအရွှေ့အတွက် ရဟတ်ယာဉ်များ သာအားကိုးနေရသည်။ ရဟတ်ယာဉ်ရောက်ရှိ လာခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့ပြုလုပ်မည့် Non-CDM ဝန်ထမ်းများလည်း ပြောင်းရွှေ့၍ မရကြောင်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...