မြန်မာပြည်သူများ ပညာရေးအားနည်းသဖြင့် အသိပညာအားနည်းဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မြန်မာပြည်သူများ ပညာရေးအားနည်းသဖြင့် အသိပညာအားနည်းဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

မြန်မာပြည်သူများ ပညာရေးအားနည်းသဖြင့် အသိပညာအားနည်းရခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၄ရက်နေ့က ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ထည့်သွင်းပြောဆိုသွားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပြည်သူများတွင် နိုင်ငံရေးသိရှိနားလည်သူများ ရှိသကဲ့သို့ သိရှိနားလည်မှု အားနည်းသူများလည်းရှိကာ နိုင်ငံရေးအသိအားနည်းရခြင်းမှာ ပညာရေးအခြေအနေနှင့် ဆက်စပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ ထို့အပြင် နိုင်ငံရေးအသိအားနည်းသူများအပေါ် သွေးထိုးဆောင်ရွက်နေမှုများလည်းရှိကြောင်း ၎င်းက ပြောသည်။

နိုင်ငံ၏ ပညာရေးမှာ ခေတ်အဆက်ဆက်တွင် နိမ့်ကျခဲ့ပြီး အတန်းပညာပြီးမြောက်သူ နည်းပါးခဲ့ကာ ပညာရေးအားနည်းသဖြင့် အသိပညာအားနည်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း ယနေ့ ဇူလိုင် ၅ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ၎င်းက စစ်တပ်အနေဖြင့် နိုင်ငံတော်တာဝန်များကို မလွှဲမရှောင်သာသော အခြေအနေအရ လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရသည်ကို အရာရှိ၊ စစ်သည်၊ ရဲမေ မိသားစုများအနေဖြင့် သိရှိထားကြရန် လိုအပ်မည်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးဆောင်ရွက်သူများသည် နိုင်ငံရေးရင့်ကျက်မှုနှင့် သဟဇာတဖြစ်မှုများရှိရန် လိုအပ်နေသေးကြောင်းလည်း ဝေဖန်ပြောဆိုခဲ့သည်။

စစ်ကောင်စီအာဘော် ကြေးမုံသတင်းစာ ဖော်ပြချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၄ရက်နေ့ တစ်ရက်တည်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရေး၊ဖတ် အဆင့်၊ မူလတန်းအဆင့်သာရှိသူဦးရေ များပြားလျက်ရှိပြီး ပညာတတ်မြောက်သူ နည်းပါးကြောင်း၊ ပညာရည်မြှင့်တင်ရေး စစ်ကောင်စီအနေဖြင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း စသည်တို့ကို ထည့်သွင်းပြောဆိုသွားကြောင်းလည်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့အား ဆန့်ကျင်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းများ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှ ယခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ ၁,၂၀၀ ကျော်မှာ ထောင်ဒဏ်များချမှတ်ခံထားရကြောင်း သိရသည်။ သေဒဏ်ချမှတ်ခံရသူနှင့် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၁၅ ဦးရှိကြောင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...