စစ်ကောင်စီက အမာမြို့ပေါ် စာသင်ကျောင်းများနှင့် ကျေးရွာများရှိစာသင်ကျောင်းများတွင် ဒေသခံပြည်သူများကို ကင်းစောင့်ခိုင်

စစ်ကောင်စီက အမာမြို့ပေါ် စာသင်ကျောင်းများနှင့် ကျေးရွာများရှိစာသင်ကျောင်းများတွင် ဒေသခံပြည်သူများကို ကင်းစောင့်ခိုင်

ဧရာဝတီတိုင်း၊ အမာမြို့ပေါ်ကျောင်းများနှင့် ကျေးရွာများတွင်ရှိသည့် စာသင်ကျောင်များတွင် စစ်ကောင်စီက ဒေသခံပြည်သူများကို အတင်းအကျပ် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

ယခုပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့မှ စတင်ကာ နေ့ရောညပါ အလှည့်ကျစနစ်ဖြင့် ကင်းစောင့်ခိုင်းနေခြင်းဖြစ်ပြီး ဖျာပုံခရိုင် စစ်ကောင်စီအဖွဲ့၏ စေခိုင်းချက်အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ဒေသခံများကို ကင်းစောင့်ခိုင်းနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အုပ်ချူပ်ရေးမှူးတွေနဲ့ နယ်ထိန်းတွေက စာသင်ကျောင်းတွေထဲမှာ အိမ်ထောင်စု သုံးစုဆီ အလှည့်ကျစောင့်ခိုင်းနေတာပါ၊ ကျောင်းသားရှိတဲ့ အိမ်တွေကလူတွေကို မနက်ပိုင်းစောင့်ခိုင်းပြီး ကျောင်းသားမရှိတဲ့ အိမ်တွေကလူတွေကို ညပိုင်းမှာ စောင့်ခိုင်းနေတယ်။သူတို့အတွက် ကျွန်တော်တို့ကို ခံတပ်တစ်ခုလိုသဘောထားပြီး ကင်းစောင့်ခိုင်းနေတာလို့ ထင်တယ်"ဟု ၎င်းကဆိုသည်။

ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘများကို ကင်းစောင့် ခိုင်းနေသော်လည်း အစိုးရဝန်ထမ်းများ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား စစ်ကောင်စီက ကင်းစောင့်ခိုင်းခြင်းမရှိကြောင်း တစ်ဘဝသစ်ကျေးရွာ ၊နှစ်ဘဝသစ်ကျေးရွာနှင့် လေးပင်ချောင်ကျေးရွာနေ ဒေသခံများက ဆိုသည်။

အမာမြို့တွင် စစ်အုပ်စုအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်က ကျောင်းအပ်နှံသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအပ်နှံသူ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...