လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့ပြီး ၅ဦးသေဆုံး

လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့ပြီး ၅ဦးသေဆုံး

ဖယ်ခုံမြို့ လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စနိုက်ပါနဲ့ ဇွန်လ ၂၉ ရက်နေ့ မှာ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ၅ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့တာကတော့ သုံးကြိမ်လောက်ရှိပြီ။ ဒီတစ်နေရာတည်းကို ပစ်တာကတော့။ အရင်ကလည်း ကျနော်တို့ ဖြန့်ဖြန့်ပြီး လုပ်ရတာကိုး။ သူတို့ တက်လာတယ်။ ကိုယ်က ဆုတ်ရတယ်။ အဲ့လိုမျိုး ဖြန့်ဖြန့်ပြီး လုပ်ရတော့ အဲ့လိုမျိုး ဒီနေရာထဲကို မထားဘူးပေါ့ဗျာ။ ပြောရရင်တော့ ကျနော်တို့ အဆင်ပြေသလို လုပ်ရတာကိုး သူတို့ကလည်း ဖြန့်ဖြန့်ထားတာကိုး။“ လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တစ်ဦးက ပြောပါတယ်။

လွယ်ဟယ်ရွာမှာ စစ်ကောင်စီတပ်သား ၁၂၀ ဝန်းကျင် တပ်စွဲထားတာ တစ်လကျော် ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့မှာလည်း ဖယ်ခုံမြို့ လွယ်မကူးတောင်ခြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီ နှစ်ဦး သေဆုံးခဲ့ပါတယ်။

မေလနဲ့ ဇွန်လအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတွေကို စနိုက်ပါနဲ့ ပစ်ခတ်မှု ၁၀ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီ ၅၅ဦးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တစ်ဦးက ပြောပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...