လှည်းတန်းတွင် စျေးသည်များကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးရိုက်နှက်ပြီး ပစ္စည်းများကို မီးရှို့ဖျက်ဆီး

လှည်းတန်းတွင် စျေးသည်များကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးရိုက်နှက်ပြီး ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ရန်ကုန်မြို့ လှည်းတန်း ပေ(၅၀) လမ်းသို့ ယမန်နေ့  ဇွန်လ ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားများဝင်ရောက်ခဲ့ကာ စျေးသည်များကိုဖမ်းဆီးရိုက်နှက်ခဲ့ပြီး ပစ္စည်းများကိုလည်း လှည်းတန်းလမ်းအချို့တွင် မီးပုံရှို့ခဲ့ကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

“လမ်းထဲကို ဝင်လာတာက ၈ နာရီလောက်ကပါ။ အဲ့အချိန်ထဲက စခ(စစ်ကောင်စီတပ်သား) ၁၀ ကောင်လောက်က စျေးသည်တွေရဲ့စျေးဗန်းတွေကို ကန်ချနေတာဗျာ။ နောက်တော့ အင်အားက ၄၀၊ ၅၀ လောက်ဖြစ်လာတယ်။ သူတို့များလာတော့ အသံကောင်းဟစ်ပြီး ထွက်မကြည့်ကြနဲ့၊ အဲ့နားတွေက မဖြတ်နဲ့အော်ဟစ်သောင်းကျန်းတယ်။ လှည်းတန်း (၂) လမ်း၊ (၄) လမ်း၊ (၇) လမ်းထိပ်တွေမှာလည်း စျေးသည်တွေရဲ့ပစ္စည်းတွေကို မီးပုံရှို့သွားတယ်။ တော်တော်အောက်တန်းကျ မိုက်ရိုင်းတဲ့အကောင်တွေပါ။ ခွေးနဲ့နှိုင်းရင်တောင် ခွေးမျိုးသိက္ခာကျပါတယ်” ဟု စစ်ကောင်စီတပ်သားများ ဝင်ရောက်သောင်းကျန်းသွားခဲ့သည့် လှည်းတန်းတစ်ခွင်က ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက ယခုလိုပြောသည်။

စစ်ကောင်စီတပ်မှ ဝင်ရောက်ရမ်းကားမှုကြောင့် စျေးသည်များလည်း အလန့်တကြားထွက်ပြေးရသလို တချို့မှာလည်း အဖမ်းခံရပြီး ရိုက်နှက်ခံခဲ့ရသည်များရှိသည်။

“အဲ့လိုဖြစ်နေတုန်း ကျွန်မကလည်း ရောက်နေတာ။ အဲ့ကနေပဲ ဖြတ်ရမှာမို့လို့ဖြတ်သွားတာ။ သူတို့မီးရှို့နေတာက စျေးဗန်းတွေ၊ တင်ခုံလို့ခေါ်မလား အဲ့လို စျေးသည်တွေရဲ့ ပစ္စည်းတွေပေါ့။ ထွက်ပြေးတဲ့စျေးသည်ကလည်းပြေး၊ မပြေးနိုင်တဲ့သူတွေလည်းရှိတယ်။ သူတို့ကိုကျတော့ ရိုက်တာ။ အသံတွေလည်းကြားနေရတယ်။ မျက်စိကတော့ အဲ့ဒါတွေကို တည့်တည့်ကြီးမကြည့်ရဲဘူး။ လက်နက်မရှိတဲ့လူတွေကို နှိပ်စက်နေတာ အရမ်းကြောက် အရမ်းရွံမုန်းဖို့ ကောင်းပါတယ်” ဟု အဆိုပါ အနီးဝန်းကျင်သို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။

ထို့ဖြစ်စဉ်ကြောင့် စျေးသည် မည်မျှဖမ်းဆီးခံရခြင်း ရှိမရှိ၊ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ သို့သော် မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ဖမ်းဆီးရိုက်နှက်ခံနေရသော စျေးသည်များရှိသလို ၊ တချို့သော စျေးအရောင်းပစ္စည်းများကိုလည်း စစ်ကောင်စီတပ်သားများက ပေါ်ပေါ်ထင်ထင် ယူဆောင်သွားခြင်းများကို မြင်တွေ့လိုက်ကြရကြောင်း ဆိုသည်။

ယခုလို စစ်ကောင်စီတပ်သားများက လာရောက်ရမ်းကားရသည့် အကြောင်းအရင်းမှန်ကို မသိရှိရသေးသော်လည်း လွန်ခဲ့သည့် ရက်ပိုင်းက အဆိုပါလမ်းတွင် လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်မှောက်ခဲ့ကြရာတွင် ဘေးဘီဝဲယာ၌ စျေးရောင်းချနေသူများက လက်ခုပ်လက်ဝါးတီးကာ အားပေးထောက်ခံမှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

မြို့ပြနေရာများထိပါ စစ်ကောင်စီတပ်မှ ဝင်ရောက်ရမ်းကား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာသည်မှာ တော်လှန်ရေးကို မိမိနှင့်မသက်ဆိုင်သလိုနေသော သူများရှိနေခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း ပြည်သူအချို့က မှတ်ချက်ပြုသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...