အမြင်မတူသူများကို လုပ်ကြံမည် ဆိုသည့် သတင်းမှား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေဟု NUG ထုတ်ပြန်

အမြင်မတူသူများကို လုပ်ကြံမည် ဆိုသည့် သတင်းမှား စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေဟု NUG ထုတ်ပြန်

အမြင်မတူသူများကို လုပ်ကြံမည် ဆိုသည့် သတင်းမှားတစ်ခုကို စစ်ကောင်စီနှင့်အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ( NUG ) က ထုတ်ပြန်သည်။

NUG နှင့် အမြင်မတူသူများကို လုပ်ကြံမည့် အစီအစဥ်များနှင့် လုပ်ကြံမည့်လူစာရင်းများကို ရေးသားထားသည့်အကြောင်းအရာများ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့နေသည့် အပေါ် NUG က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွက်ရန် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားညီနောင်မဟာမိတ်တို့၏ နွေဦးတော်လှန်ရေးအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ အစုအဖွဲ့များက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချီနေသည်ဟု NUG ကဆိုသည်။

သတင်းတု၊ သတင်းယောင်၊ သတင်းမှားများအနက် အမြင်သဘောထားမတူသူတချို့အား အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်နှင့်တကွ လုပ်ငန်းစဉ်များပါ ချမှတ်ထားသယောင် လုပ်ကြံဖန်တီး၍ ဖြန့်ချီနေသည်ဟု NUG က ဆိုသည်။

အဆိုပါလုပ်ရပ်မျိုးမှာ NUG အစိုးရ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ရပ်များဖြစ်ကြောင်း၊ နိုင်ငံရေးအမြင်မတူ ကွဲပြားမှုများကို လက်မခံဘဲ အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ဘုံရန်သူဖြစ်ပြီး နိုင်ငံရေးအမြင်မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားကြောင်း NUG ကဆိုသည်။

အဆိုပါသတင်းမျိုးသည် လွန်ခဲ့သည့်ရှစ်လကျော်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပေးပို့ခဲ့ခြင်းကြောင့် NUG မှ တာဝန်ရှိသူများကိုယ်တိုင် ဖြေရှင်းခဲ့ရသည့်ဖြစ်စဥ်များရှိခဲ့သည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...