ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တချို့၏ ကျန်းမာရေး စိုးရိမ်ရသည်ဟုဆိုကာ ငွေလိမ်တောင်း

ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တချို့၏ ကျန်းမာရေး စိုးရိမ်ရသည်ဟုဆိုကာ ငွေလိမ်တောင်း

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားတချို့ ကျန်းမာရေး အခြေအနေ စိုးရိမ်ရသည်ဟုဆိုကာ အမျိုးသမီးတစ်ဦးက Wave Moneyဖြင့် ငွေလိမ်တောင်းနေကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက Mytelဖုန်းနံပါတ် (096937050 15)ဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားတချို့၏ မိသားစုဝင်များကို အမျိုးသမီးတစ်ဦးက ဖုန်းဆက်ကာ ငွေလိမ်တောင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

"ပုသိမ်ထောင်ထဲမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား အခြေအနေစိုးရိမ်ရတယ်။ငွေမလွှဲရင် အသက်အာမမခံဘူး ဆိုပြီးပြောတော့ ကြောက်လန့်ပြီး လွှဲကြတာပေါ့။ ၅၀၅(က)အမှုနဲ့ ကျနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစု ခြောက် စုလောက်ကို ဖုန်းဆက်ပြီးပြောတာ တစ်ယောက်ကို ခြောက်သောင်းလောက်စီ လွှဲလိုက်ကြတယ်။မနေ့က ထောင်ဝင်စာသွားပို့တော့ စုံစမ်းကြည့်တော့မှ ငွေလိမ်တောင်းနေတာ သိလိုက်ရတာ။အဲ့ဒီဖုန်းကို ပြန်ဆက်ကြည့်တော့ ချောင်းသာကပါ။ ဖုန်းမှားနေတယ်လို့ပြောတယ်"ဟု ၎င်းကဆိုသည်။

ပုသိမ်အကျဥ်းထောင်တွင် ထောင်ဝင်စာပို့မည်ဆိုပါက ထောင်ဝင်စာပို့သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည့်ကိုယ်ရေးအချက်အလက်များ ပေးရသည်ဟု သိရသည်။

ယခုကဲ့သို့ ငွေလိမ်တောင်းနေခြင်းမှာ နိုင်ငံရေးအကျဥ်းသားများ မိသားစုဝင်များ၏ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို အတိအကျသိနေသည့်ထောင်ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်နိုင်ကြောင်း မိသားစုဝင်က ဆက်လက်ပြောသည်။

ထိုသို့ ငွေလိမ်ညာတောင်းနေသည့် အမျိုးသမီး၏ မိုင်တဲဖုန်းနံပါတ်တွင် WavePay အကောင့်ဖွင့်ထားခြင်းမျိုးမရှိဘဲ နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များကို ကုတ်နံပါတ်(Password) ဖြင့်သာ ငွေလွှဲခိုင်းခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ၃၅၀ ခန့်ရှိနေသည်ဟုသိရပြီး အဆိုပါ နိုင်ငံရေးအကျဥ်းသားအားလုံး ကျန်းမာရေးကောင်းမွန်ကြသည်ဟု ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံက သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...