ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်ရန်ကျန်ရှိနေသည့် မဲမသမာမှုပြုလုပ်သည်ဆိုသောအမှုအတွက် နောက်တိုးသက်သေခေါ်ရန် ၎င်းကိုယ်တိုင်လျှောက်ထား

ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်ရန်ကျန်ရှိနေသည့် မဲမသမာမှုပြုလုပ်သည်ဆိုသောအမှုအတွက် နောက်တိုးသက်သေခေါ်ရန် ၎င်းကိုယ်တိုင်လျှောက်ထား

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရင်ဆိုင်ရန်ကျန်ရှိနေသည့် ရွေးကောက်ပွဲတွင် မလျော်သြဇာအသုံးပြု၍ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ စွပ်စွဲခံထားရသော ပုဒ်မ ၁၃၀(က) အမှု တွက် နောက်တိုး ခံပြသက်သေခေါ်ယူလိုကြောင်း ဇွန် ၂၉ ရက် ရုံးချိန်းတွင် တရားခွင်အတွင်း ၎င်း ကိုယ်တိုင်လျှောက်ထားခဲ့သည်ဟု အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္စျိမကိုပြောသည်။

ယင်းအမှုသည် စစ်ကောင်စီက ဝန်ကြီးချုပ်အားစွပ်စွဲခဲ့သော အမှုပေါင်းကိုးမှုအနက် ဆက်လက်တရားရင် ဆိုင်ရန် နောက်ဆုံးကျန်ရှိသည့်အမှုဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း အောင်မြေသာစံ မြို့နယ်၌ မလျှော်သြဇာအသုံးပြု၍ မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ တိုင်းဒေသကြီးကော်မရှင်က ယင်း မြို့နယ်တရားရုံးတွင်တရားစွဲဆိုခဲ့သည့် အမှုလည်းဖြစ်သည်။

ထိုသို့ နောက်တိုးသက်သေခေါ်ယူရခြင်းသည် စစ်ဆေးပြီးစီးခဲ့သည့် တရားခံပြသက်သေများနှင့် လုံလောက်မှုမရှိသည့်အတွက် ဝန်ကြီးချုပ်ကအမှုဖြစ်စဉ်အစအဆုံးသိသည့် နောက်တိုးသက်သေ ခြောက် ဦးကို ထပ်မံခေါ်ယူခွင့်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“ တရားခံပြနောက်တိုးသက်သေဆိုတာက ဒေါက်တာဇော်မြင့်မောင်က သူ့အမှုမှာ အခုထက်ခိုင်လုံတဲ့ သက်သေတွေရှိပါသေးတယ်။ ပြခွင့်ပြုပါလို့ လျှောက်တယ်။ အရင်ကပြပြီးပြီဆိုပေမယ့် နောက်ထပ် နောက်တိုးတရားခံပြသက်သေ ခြောက်‌ယောက်လောက်က ခိုင်ခိုင်မာမာသိတဲ့ သက်သေတွေရှိလို့ ပြခွင့် ပြုပါလို့ ထပ်လျှောက်တာ။ ဘယ်နှစ်ယောက်ခွင့်ပြုမလဲဆိုတာတော့ မသိသေးဘူး။ သူ့အနေနဲ့ ဒီတစ်မှုပဲ ကျန်ပါတော့တယ်” ဟု သတင်းအရင်းမြစ်က ဆိုသည်။

အမှုအတွက် နောက်တိုးခံပြသက်သေခြောက်ဦးအား ခွင့်ပြု/မပြုအတွက် ဇူလိုင် ၆ ရက်နေ့၌ အမိန့်ချရန် တရားရုံးက ပြန်လည်ချိန်းဆိုထားသည်။

အသက် ၇၀ အရွယ်ဝန်ကြီးချုပ်အနေဖြင့် စစ်ကောင်စီကစွပ်စွဲထားသော ၅၀၅(ခ)အမှုအတွက် ထောင် ဒဏ် နှစ်နှစ်၊ သဘာ၀ဘေးပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်၊ အမရပူရမြို့နယ်အတွင်း မဲမသမာပြုသည် ဆိုကာစွပ်စွဲထားသောအမှုအတွက် ထောင်ဒဏ် တစ်နှစ်၊ အဂတိအမှုငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရကာ အိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...