ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှု၌ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှု၌ အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူ သုံးဦးက ဇွန်လ ၂၈ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့်အမှုများထဲမှ အမှုနံပါတ် ၃/ ၂၀၂၁နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူ သုံးဦးက ယနေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့က ခံပြသက်သေစာရင်း တင်သွင်းမထားကြောင်းလည်း သိရသည်။

အဆိုပါ အမှုနံပါတ် (၃) မှာ နေပြည်တော် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း ဆောင်ရွက်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေ ၁၀၁ ဒသမ ၃၃ဧကကို ချထားပေးသည့်ကိစ္စနှင့် ပတ်သက်ကာ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့ကို အဂတိဖြင့် စွဲဆိုထားသည့်အမှု ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆက်စပ်စွဲဆိုထားသည့် အဂတိအမှုများမှာ ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ စွဲဆိုထားသည့် အမှုနှစ်မှုအပါအဝင် အမှု ခြောက်မှု ရှိသည်။

အဆိုပါ အမှုခြောက်မှုထဲမှ ယခု ၃/၂၀၂၁အမှုအပါအဝင် လေးမှုကို စွဲချက်တင်ကြောင်း ပြီးခဲ့သည့် မေလ ၂၄ရက်နေ့ရုံးချိန်းတွင် အထူးတရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဆိုကာ စွပ်စွဲထားသည့် အမှုနှစ်မှုကိုလည်း စစ်ဆေးခဲ့ပြီး ယင်းအမှုများအားလုံးကို နောက်တစ်ပတ်သို့ ပြန်လည်ချိန်းဆိုထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိအမှု ၁၂ မှုအပါအဝင် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲတရားစွဲခံထားရပြီး အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...