ပုလောမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၍ ၆ ဦးသေ

ပုလောမြို့နယ်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၍ ၆ ဦးသေ

တနင်္သာရီတိုင်း ၊မြိတ်ခရိုင် ၊ပုလောမြို့နယ် ၊နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့် အချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ ပုလောမြို့နယ်ရှိ နန်တောင်ရွာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်အပြင် ဖြတ်သန်းသွားနေသည့် ပြည်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် ပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (Palaw Regional Defense Force) (PRDF) မှ တာဝန်ရှိသူ တစ်ဦးက“သူတို့တွေက နန်းတောင်စာသင်ကျောင်းမှာ နေပြီး စာသင်ကျောင်း အနီးမှာ ဂိတ်ချပြီး စစ်ဆေးရေးတွေ လုပ်နေတာ ကြာပါပြီ ။ အဲ့မှာ တပ်စွဲ၊ ဂိတ်ချပြီး လာသမျှ လူတွေကို တားဆီး၊ စစ်ဆေး ဖမ်းဆီး နေတာတွေ ရှိပါတယ် ။ ရိက္ခာ မှန်သမျှကိုလည်း သယ်ခွင့်မပေးပါဘူး ။ရိက္ခာ၊ ဆန်၊ စားဆီ၊ စက်ဆီ အားလုံးကို ပိတ်ထားတာပါ”ဟု ပြောသည်။

ယင်း စစ်ဆေးရေးဂိတ်ကို ပူးပေါင်း တပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“ကျွန်တော်တို့ ပူးပေါင်း တပ်ဖွဲ့ဘက်မှာတော့ ထိခိုက်မှု မရှိပါဘူး”ဟု PRDF က တာဝန်ရှိသူက ပြော သည်။

ထိုတိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် KNU ထိန်းချုပ်နယ်မြေ၏ ဝင်ပေါက်တစ်ခုကို ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် နံနက် ၆ နာရီမှ ၈ နာရီ အထိ ဖြစ်ပွားခဲ့သည်။ယင်းနောက် စစ်ကောင်စီ တပ်ဘက်ကလည်း ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး တပ်သားအင်အားများလည်း ထပ်မံတိုးမြှင့် ချထားကြောင်း သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...