ပုသိမ်မြို့တွင် ဖုန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ပါက ငွေကျပ် ငါးသောင်းမှ တစ်သိန်းခွဲအထိ တောင်းယူနေ

ပုသိမ်မြို့တွင် ဖုန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ပါက ငွေကျပ် ငါးသောင်းမှ တစ်သိန်းခွဲအထိ တောင်းယူနေ

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ ပုသိမ်-ငပုတောလမ်းပေါ်ရှိ ပေါက်ကုန်းကျေးရွာထိပ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများ အုပ်စုဖွဲ့ကာ ခရီးသွားပြည်သူများထံမှ ငွေကြေး မတရားတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ခရီးသွားပြည်သူများ၏ ဖုန်းများကို တောင်းယူစစ်ဆေးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ပုံတွေ့ရှိပါက ငွေကြေးတောင်းယူခြင်း၊ လူမှုကွန်ရက်တွင် NUG အစိုးရအား ထောက်ခံသည့် ပရိုဖိုင်ဓာတ်ပုံများတင်ထားပါက ငွေကြေးမတရား တောင်းယူခြင်းများကို ပြုလုပ်နေသည်ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

"အဲ့ဒီ ဂိတ်ကိုဖြတ်ရင် စစ်သားတွေက ဖုန်းတွေကို ယူစစ်တယ်။ သူတို့စစ်လို့ ဖုန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် ငါးသောင်းကနေ တစ်သိန်းခွဲအထိ တောင်းနေကြတာပါ။ NUG ကိုထောက်ခံတာတို့ ပရိုဖိုင်တင်ထားတာတို့ ဆိုရင်လည်း ပိုက်ဆံတောင်းတယ်။ မပေးရင် အဖမ်းခံရမှာစိုးလို့ ပေးနေကြရတာပေါ့။ တချို့ကလည်း အဲ့ဒီဂိတ်ကို ဖြတ်ရင် Facebook ကို ဖြုတ်ထားကြတယ်။ အဲ့ဒီဂိတ်က ညဘက်မှ စစ်တာများတယ်"ဟု ၎င်းကဆိုသည်။

၎င်းအပြင် ပုသိမ်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များဖြစ်သည့် ကိုးဆူစစ်ဆေးရေးဂိတ် ၊ပုသိမ်ကြိုးတံတား စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက ငွေကြေးမတရားတောင်းယူမှုများ ပြုလုပ်နေကြောင်း ပုသိမ်ဒေသခံများက ပြောသည်။

ထိုသို့ ငွေကြေးမတရားတောင်းယူနေမှုများကို ပုသိမ်မြို့နယ်စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက သိရှိသော်လည်း အရေးယူခြင်း တစ်စုံတစ်ရာမရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...