ကော့မှူးတွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ကော့မှူးတွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် NLD ပါတီဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး သွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

ကော့မှူးမြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်သောင်းနှင့် ရပ်ကျေးအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဇော်ထွန်းတို့နှစ်ဦးကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်က ၎င်းတို့နေထိုင်သည့် ဝါးဘလောက်သောက်ကျေးရွာတွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“အဖမ်းခံရတာက ၂၂ ရက်နေ့ကတည်းကပါ။ ည ၂ နာရီလောက်ကြီး ဝါးဘလောက်သောက်ရွာမှာရှိတဲ့ သူတို့ရဲ့နေအိမ်တွေမှာ လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိရသေးဘူး။ သူတို့နှစ်ယောက် က အရင်အာဏာမသိမ်းခင်အချိန်တုန်းကတော့ ပါတီမှာ ထဲထဲဝင်ဝင် အလုပ်လုပ်ခဲ့တဲ့သူတွေ” ဟု ကော့မှူး ဒေသခံသတင်းရင်းမြစ်က ပြောသည်။

NLD ပါတီဝင်နှစ်ဦးကို စစ်ကောင်စီတပ်က မည့်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းကို မသိရှိရသေး သလို ယနေ့အချိန်အထိ ပြန်လွတ်ပေးခြင်း မရှိသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လုံခြုံရေးအင်အားတိုးမြှင့်ချထားကာ စစ်ဆေးမှုများတင်းကျပ်ပြီး ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေသလို မြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းခွင့်ကိုလည်း ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင်လည်း ချောင်း၀ကျေးရွာမှ အမျိုးသားနှစ်ဦး ဆိုင်ကယ်ကယ်ရီဆွဲသည့် အတွက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရသည်။

“ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားတော့ သွားရေးလာရေး တော်တော်ဒုက္ခရောက်နေတယ်။ ပြည်သူတွေပဲ မစီးရတာ။ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေကိုတော့ ဆိုင်ကယ်စီးနင်းခွင့်ပြုထားတယ်။ ရွာတွေက လူတွေ မြို့ပေါ်သွားချင်ရင် သုံးဘီးဆိုင်ကယ်တွေနဲ့ လူစုပြီး သွားနေရတယ်” ဟု ကော့မှူးဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်လျက်ရှိ သည်။

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရပြီး လွတ်မြောက်ခဲ့သည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...