ဖက်ဒရယ်ဟူသောစကားရပ်ကို တိုင်းရင်းသားလက်နက်ကိုင်များကိုစည်းရုံးရန်အတွက်သာ စစ်ကောင်စီက အသုံးပြုနေ

ဖက်ဒရယ်ဟူသောစကားရပ်ကို တိုင်းရင်းသားလက်နက်ကိုင်များကိုစည်းရုံးရန်အတွက်သာ စစ်ကောင်စီက အသုံးပြုနေ

စစ်ကောင်စီကတွင်တွင်ပြောနေသည့် ဖက်ဒရယ်ဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စည်းရုံးရန်အတွက် သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်သည် အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော် အကြာတွင် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တိုင်းရင်သားလက်နက်ကိုင်များနှင့်တွေ့ဆုံခြင်းအပြင် ဖက်ဒရယ်ဒီမိုကရေစီဟူသော အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ်ပြောဆိုလျက်ရှိနေခြင်းဖြစ်သည်။

“စစ်တပ်က ဖက်ဒရယ်ဆိုတဲ့စကားတော့ အခုနောက်ပိုင်း ပြောလာတာတွေ့လာတယ်။ သူတို့က ဘယ်လို ဖက်ဒရယ်ဆိုတာ သဘောထားကြေညာချက် ဘာညာမတွေ့သေးပါဘူး။ ဒီနေ့ကာလက တိုင်းရင်းသား လက်နက်ကိုင်တွေကိုစည်းရုံးဖို့အတွက် ဖက်ဒရယ် ဖက်ဒရယ်လို့ လိုက်ပြောလာတာတွေ့ရပါတယ်။ တကယ်ကတော့ စစ်တပ်က ဖက်ဒရယ်ဆိုတဲ့ စကားလုံးတောင် သုံးတာသိပ်မကြာသေးပါဘူး” ဟု မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် တိုင်းရင်း သားလက်နက်ကိုင်များကို ဖိတ်ခေါ်ခဲ့သည်။ စစ်ကောင်စီနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်း လားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည် သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က တက်ရောက်ရန်လက်ခံခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုသော်လည်း အဆိုပါအဖွဲ့များသည် လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် အဖွဲ့များသာဖြစ်သည်။

ငြိမ်းချမ်းရေးအတွက်တွေ့ဆုံမှုများကို မေလတတိယအပတ်ကစတင်လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် အဖွဲ့ရှစ်ဖွဲ့ကို တွေ့ဆုံပြီးဖြစ်သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးကိုဆွေးနွေးကြကြောင်းအဓိကထားပြီး ဝါဒဖြန့်မီဒီယာများတွင် စစ်ကောင်စီကဖော်ပြလေ့ရှိသည်။

ထိုသို့တွင်တွင်ပြောနေသော်လည်း စစ်ကောင်စီသည် ၎င်းတို့လက်ခံထားသော ဖက်ဒရယ်နှင့်ပတ်သက် သည့် တရားဝင်ထုတ်ပြန်ကြေညာခြင်း၊ ပဋိညာဉ်များကို ဖော်ပြလာခြင်းမရှိသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီ၏ ဖက်ဒရယ်ဟုတဖွဖွပြောဆိုနေသည့်အပေါ် နိုင်ငံရေးလေ့လာသုံသပ်သူလည်းဖြစ် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သည့် ဆရာမင်းသေ့က “မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီကို တောင် ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ မြန်မာစစ်တပ်ဟာ သူပြောတဲ့ဖက်ဒရယ်ဆိုတာ တကယ်ယုံကြည်ရပါ့ မလား။ တစ်ခါ အလိမ်ခံရရင် လိမ်တဲ့သူရဲ့အပြစ်။ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရသူညံ့လို့ လို့ပဲပြော ချင်တယ်။ မြန်မာစစ်တပ်ဟာ စစ်ဘုရင်တွေအချင်းချင်း အာဏာဝေစားမျှစားလုပ်တာကို ဖက်ဒရယ်လို့ ထင်နေတယ်။

တကယ့် ဖက်ဒရယ်စနစ်က စစ်ဘုရင်တွေအကြား အာဏာဝေစားမျှစားလုပ်တာမဟုတ် ဘူး” ဟု သုံးသပ်ပြောဆိုသည်။

အာဏာသိမ်းပြီးတစ်နှစ်ကျော်ကြာလာချိန်တွင် စစ်ကောင်စီသည် ခုခံတော်လှန်စစ်များကို နိုင်ငံနှင့်အဝှမ်း ခံနေရခြင်း၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်မှုမရှိခြင်း၊ တပ်အတွင်း စိတ်ဓါတ်အင်အားပြိုကွဲလာ ခြင်းနှင့် စစ်ပန်းမှုများကို ကြုံတွေ့နေရသည်။

အမျိုးသာညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်သောစာရင်းများအရပင် နိုင်ငံအဝှမ်းတွင် ခုခံတော်လှန် စစ်များကြောင့် စစ်ကောင်စီတပ်သားများ နေ့စဉ်သေဆုံးမှုများရှိနေပြီး တစ်နှစ်ကျော်ကာလအတွင်း ၁၄၈၉၀ ဦးရှိပြီဖြစ်ကြောင်း မေလ ၂၃ ရက်နေ့က ထုတ်ပြန်ထားမှုအရ သိရသည်။

ထိုအချိန်တွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး ယခင်လုပ်ရိုး လုပ်စဉ်လမ်းဟောင်းများ အတိုင်းသာပြုလုပ်နေကြခြင်းဖြစ်ကြောင်း CDM စစ်ဗိုလ်အချို့နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...