မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ပေးပို့မည့်အိတ်ဖွင့်ပေးစာတွင် ပူးပေါင်းပါဝင်ကြရန် India for Myanmar ဖိတ်ခေါ်

မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ပေးပို့မည့်အိတ်ဖွင့်ပေးစာတွင် ပူးပေါင်းပါဝင်ကြရန် India for Myanmar ဖိတ်ခေါ်
ပုံဟောင်းဖြစ်သည်။
ပုံဟောင်းဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို မြန်မာနိုင်ငံအရေးနှင့်ပတ်သက် ပြီး ပေးပို့သွားမည့်အိတ်ဖွင့်ပေးစာတွင် ပူးပေါင်းပါဝင်ကြရန် မြန်မာ့တော်လှန်ရေးအင်အားစုများအား ဖိတ် ခေါ်ကြောင်း India for Myanmar မှ ထုတ်ပြန်သည်။

အိန္ဒိယပြည်သူများနှင့်မြန်မာပြည်သူများ အပြန်အလှန်ကူညီမှုမြှင့်တင်ပြီး ၎င်းတို့အစိုးရမှ လက်ရှိမြန်မာ နိုင်ငံအပေါ် ကျင့်သုံးနေသည့်မူဝါဒများပြောင်းလဲလာရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယနိုင်ငံရေးပါတီ ၁,၀၀၀ နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁,၀၀၀ အား အိတ်ဖွင့်ပေးစာပေးသွားမည်ဖြစ်ကြောင်းဆိုသည်။

“နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ခံအားပေးမှုကိုရမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံ အတွက် အရွေ့တစ်ခုကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အားလုံးဝိုင်းဝန်းပြီးပါဝင်ပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်” ဟု India for Myanmar တာဝန်ရှိသူတစ်ဉီးမှ မဇ္စျိမ ကိုပြောသည်။

ပေးပို့သွားမည့်အိတ်ဖွင့်ပေးစာတွင် အိန္ဒိယပြည်သူများအနေဖြင့် ဒီမိုကရေစီလိုလားသော မြန်မာပြည်သူ နှင့် အတူရပ်တည်ရန်၊ အိန္ဒိယအစိုးအရအနေဖြင့် ဖက်ဆစ်စစ်တပ်ကို နိုင်ငံရေးတရားဝင်မှုပေးခြင်းနှင့် လက်နက်ထောက်ပံ့မှုများလုံးဝရပ်တန့်ရန်နှင့် စီးပွားရေးပိတ်ဆို့မှုများလုပ်ဆောင်ရန်၊ အာဏာရှင် စစ်အုပ် စုကြောင့် အတိဒုက္ခရောက်ပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုပေးရန် အစရှိသော အချက်များအား ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစားခြင်းမှစတင်ပြီး အာဏာရှင်အုပ်ချုပ်ရေးစနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီလိုလားသော မြန်မာပြည်သူများအပေါ် ဖက်ဆစ် စစ်တပ်မှကျူးလွန်သောပြစ်မှုများနှင့် အာဏာသိမ်းရန်ကြိုးစားမှုများကို အိန္ဒိယနိုင်ငံအစိုးရသည် လျစ်လျူရှုကာ ယနေ့တိုင် နုတ်ပိတ်နေကြောင်းဆိုသည်။

ထို့အပြင် အိန္ဒိယအစိုးရသည် ဖက်ဆစ်စစ်တပ်က ကျင်းပမည့်ရွေးကောက်ပွဲကို ထောက်ခံပေးသည့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရကဲ့သို့ ဆက်ဆံနေခြင်းများဖြင့် တရားဝင်မှုပေးနေသည့် တစ်ခုတည်သော အိမ်နီးချင်းဒီမိုကရေစီနိုင်ငံဖြစ်ကြောင်း ဖော်ပြသည်။

ယင်းသို့သော အခြေအနေတွင် အိန္ဒိပြည်သူများမှာမူ မြန်မာစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့် ရှောက်မှုပေးကာ မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း ရေးသားထားသည်။

India4Myanmar လှုပ်ရှားမှုအား ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်စုစည်းခဲ့ပြီး လွတ်လပ်အမှီခို ကင်းသည့်လှုပ်ရှားမှုဖြစ်ကာ အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရှင် များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်။

ယင်းအပြင် မြန်မာပြည်အရေး ပိုမိုသိရှိလာစေရန်နှင့် သွေးစည်းညီညွတ်မှုတိုးမြင့်စေမည့် မြေပြင်လှုပ်ရှား မှုများ၊ တိုက်တွန်းနှိုးဆော်မှုများအား အိန္ဒိယနိုင်ငံရှိပြည်နယ်များအတွင်း ပြုလုပ်နေသောလှုပ်ရှားမှုဖြစ် သည်။

May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...