ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား ၁၄ ဦး ဖမ်းဆီးခံထားရပြီး ၁ ဦး အနီးကပ်လုပ်ကြံခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား ၁၄ ဦး ဖမ်းဆီးခံထားရပြီး ၁ ဦး အနီးကပ်လုပ်ကြံခံရ

စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးအထိ ဖမ်းဆီးခံထားရပြီး တစ်ဦးမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုနှစ်မေလ ၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသောသူများနှင့် ၎င်းတို့၏သတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့ရသူများစာရင်းကို ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ အချို့ကျတော့မြေပြင် တော်လှန်ရေးမှာပါတဲ့ သူတွေရှိတယ်။ မပါတဲ့သူတွေလည်း ရှိတယ်။ အဓိက ကတော့ လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့မသင်္ကာတဲ့အချိန်ကျရင် တံခါးမရှိ ဓားမရှိဖမ်းနေတယ် ဆိုတော့ သူတို့ရဲ့ မတရားဖမ်းဆီးမှုတွေကို ကန့်ကွက်ရှုတ်ချမှုတွေ တောက်လျှောက်လုပ်မယ်။ တုံ့ပြန်မှု တွေဆက်လုပ်မယ်” ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူ ၁၄ ဦးမှာ အနက် ရှစ်ဦးမှာထောင်ဒဏ်များချမှတ်ခံထားရပြီး ကျန်ခြောက်ဦးတွင် ငါးဦးမှာ ထောင်တွင်းတရားရုံးများနှင့် စစ်ကြောရေးစခန်းများတွင်ရှိနေကာ တစ်ဦးမှာ အဆက်အသွယ်ရရှိခြင်း မရှိသေးပေ။

သတ်ဖြတ်ခံခဲ့သူတစ်ဦးမှာ ရူပပေဒ နောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး နေအိမ်အတွင်း၌ရှိနေစဉ် စစ်ကောင်စီကျောထောက်နောက်ခံပြုထားသည့် သွေးသောက်အဖွဲ့များမှ အနီးကပ်လုပ်ကြံခဲ့ခြင်းဖြစ် သည်။

“ သူ့ကို သတ်တာတော့ မဖြစ်သင့်တဲ့ကိစ္စပါ။ အိမ်တိုင်ရာရောက်လာရောက်ပြီး လုပ်တယ်ဆိုတာက တရားမရှိဓားမရှိတဲ့လုပ်တဲ့ ပုံစဲမျိုးပါ” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သမဂ္ဂတာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်အပါအဝင်နိုင်ငံအဝှမ်းရှိလူငယ်များနှင့် တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီ တပ်မှ လိုက်လံရှာဖွေနေပြီး သံသယရှိပါက ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေးစခန်းများသို့ ပို့ ဆောင် နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါစစ်ကြောရေးစခန်းများ၌ နှိပ်စက်ညှင်းပန်းနေချိန်တွင်လည်း ဖမ်းဆီးထားကြောင်း သက်ဆိုင်သူ များထံ အကြောင်းကြားမှုမရှိဘဲ အချုပ်ထောင်များသို့ ရောက်ရှိမှသာလျှင် မိသားစုဝင်များမှ သိခွင့်ရကြ သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုကျူးလွန်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်းရှိ အပြစ်မဲ့ပြည်သူ ၁၁၀,၀၀ ကျော်ရှိနေပြီး လူ ၂,၀၀၀ ကျော်မှာ သတ်ဖြတ်ခံရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...