နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသော နေပြည်တော်အချုပ်ထောင်အတွင်းက အဆောက်အအုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း ထားရှိသော အဆောက်အအုံဟုဆိုသောဓာတ်ပုံကို မဇ္ဈိမက လက်ခံရရှိထားခဲ့သည်။

ဇွန်လ ၂၂ရက်နေ့လယ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ရာလျို့ဝှက်နေရာမှသည် အချုပ်ထောင်အတွင်း သီးသန့်အဆောက်အအုံသို့ လုံခြုံရေးထူထပ်စွာဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အဆိုပါအဆောက်အအုံကို လွန်ခဲ့သောလအနည်းငယ်ကစ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာနေနှင့်ပတ်သက်၍ ရွှေ့ပြောင်းမှုတွင် ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။

ရွေးကောက်ခံအစိုးရခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီဘက်က အမှု ၁၉ မှုစွဲဆိုထားပြီး လက်ရှိတွင် ခြောက်မှုအတွက် အသားတင်ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပြီးဖြစ်ကာ ကျန်ရှိသောအမှုများအတွက် ထောင်တွင်းတရားရုံးတွင်ပင် ရင်ဆိုင်ရတော့မှာဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...