နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်

စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်သို့ ယမန်နေ့ဇွန်လ ၂၂ ရက်နေ့လယ်ပိုင်းက ပို့ဆောင်လိုက်ကြောင်း နီးစပ်သူများပြောသည်။

နေပြည်တော်အချုပ်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန်အတွက် သီးသန့်အဆောက်အအုံ ဆောက်လုပ်ထားကြောင်းလည်း သိရသည်။

အာဏာသိမ်းသည့်နေ့ကစပြီး စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အတွင်းရှိလျှို့ဝှက်နေရာတစ်ခုတွင် ထိန်းသိမ်းထားခဲ့ပြီး နေပြည်တော် ကောင်စီဝင်း အတွင်းရှိ အထူးတရားရုံးသို့ ကားဖြင့် ခေါ်ဆောင်ကာရုံးထုတ်စစ်ဆေးနေခြင်းဖြစ်သည်။

ဇွန်ခ ၂၁ ရက်နေ့ရုံးချိန်းတွင် အမှုများစစ်ဆေးရန်အတွက်ဆောက်လုပ်ထားသည့်အဆောက်အအုံ ပြီးစီးပြီဖြစ်ကြောင်း တရားသူကြီးက အသိပေးခဲ့ပြီး ဇွန်လ ၂၂ရက်နေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်အတွင်း အမှုစစ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ရှေ့နေအဖွဲ့ထံ အသိပေးလာကြောင်း သိရသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးပညာရှင် ရှောင်တာနယ်လ်အပါအဝင် ငါးဦးကို စွပ်စွဲထားသည့် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)ကို စစ်ဆေးရန်ရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အထူးတရားရုံးက အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၃ နှစ် အမိန့်ချထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုအထဲမှ ထောင်ဒဏ် နှစ်နှစ်ကို ပြန်လည်လျော့ပေါ့ပေးကြောင်း ထုတ်ပြန်ခဲ့သည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...