မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာ ဥက္ကဌဟောင်း ဦးစိုင်းထွန်းရင် ကွယ်လွန်

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စု ရေးရာ ဥက္ကဌဟောင်း ဦးစိုင်းထွန်းရင် ကွယ်လွန်

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ ရဲ့  ဥက္ကဌဟောင်းဖြစ်တဲ့ ဦးစိုင်းထွန်းရင်က ဇွန်လ (၂၁) ရက်နေ့ မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

“  ညနေမှာပဲ ဆုံးသွားတယ်။ သူ့အိမ် နောင်ခမ်း ရှမ်းရွာမှာပဲဆုံးတာ ၊  ဘာရောဂါနဲ့ ပြောရမလဲ ရောဂါဖြစ်နေတာတော့ကြာပြီ သုံးလေးနှစ်ရှိပြီ။ ရှမ်းရေးရာမှာ တူတူလုပ်ခဲ့ကြတော့  ဘယ်သူမဆို ဒီလမ်း ကြောင်းကတော့ တစ်ရက်မဟုတ်တစ်ရက်ကတော့ မလွတ်ဘူးလေနော့်၊ နှမျှောတာလေနော့် စိတ်မကောင်းဘူးဖြစ်တာပေါ့” လို့  မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာ ဥက္ကဌဟောင်းဖြစ်ခဲ့သူ ဦးစိုင်းစန်းဝေက ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများရေးရာ ကို  စတင်တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ကေအိုင်အေရဲ့ ကချင်ပြည်နယ်အတွင်းက ရှမ်းလူမျိုးအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုထောက်ပြ ဝေဖန်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် KIA  က အဓမ္မ စစ်သားစုဆောင်းခံရတဲ့ ရှမ်းလူမျိုးများပြန်လည်လွတ်မြောက်ရေးတွေကိုလည်း ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...