ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ဒုဥက္ကဋ္ဌနှင့် စာပေတောင်ပိုင်းတာဝန်ခံဖြစ်သူကို PDF အဖွဲ့ဖမ်းဆီးသွားဟုဆို

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ဒုဥက္ကဋ္ဌနှင့် စာပေတောင်ပိုင်းတာဝန်ခံဖြစ်သူကို PDF အဖွဲ့ဖမ်းဆီးသွားဟုဆို

ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု တောင်ပိုင်းတာဝန်ခံ နှင့် ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ယက် ဒုဥက္ကဌ ဖြစ်သူ  စိုင်းဆေလိုင်းအား ယမန်နေ့ညနေ နှစ်နာရီခွဲ အချိန်ခန့်တွင် ဗန်းမောက်တောင်ပိုင်း မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ PDF အဖွဲ့ အင်အား ၂၀ ခန့်ဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းသိရသည် ။

” သူက ရှမ်းနီစာပေယဥ်ကျေးမှုမှာ ဗန်းမောက်တောင်ပိုင်းတာဝန်ခံယူထားတော့ စာပေကိစ္စသွားရင်း ဖြစ်သွားတာ ။ တကယ်ဆို ဘာအကြောင်းနဲ့မှ ခေါ်သွားစရာမရှိဘူး ။ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။” ဟု ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည် ။

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ယက် ဥက္ကဋ္ဌစိုင်းထွန်းအောင်ကလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်းနှင့် အချိန်ကြန့်ကြာနေပါက မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားသည် ။

စိုင်းဆေလိုင်းအား မည်သည့် PDF အဖွဲ့က ဖမ်းဆီးသွားကြောင်း တိတိကျကျမသိရသေးပေ။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် နီးစပ်သူတစ်ဦးက အကောင်းဆုံးဖြစ်အောင် ဆက်သွယ်ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည် ။

” ကျွန်တော်က ကြားလူတစ်ယောက်ဖြစ်တယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ရှမ်းနီအမျိုးသားတစ်ယောက်ဖြစ်တယ်။ ကြားကြားချင်း အကူအညီတောင်းလာတဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက်ပြေလည်အောင်တော့ ကျွန်တော်ကြိုးစားကြည့်နေတယ် ။ ကြိုးစားပေးနေတယ် ။ စည်းမှုဘောင်အတိုင်း ကိစ္စတွေပေါ့ဗျာ ။ အဲ့လိုနှစ်ဦနှစ်ဖက် ကိစ္စတွေကို တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင်လို့တော့ ကြိုးစားပေးကြည့်နေပါတယ် ။” ဟု ၎င်းကပြောကြားသည်။

ဗန်းမောက်မြို့နယ်သည် စစ်အာဏာမသိမ်းခင်ကတည်းက ရှမ်းနီအမျိုးသားများ တပ်မတော် SNA အခြေစိုက်ရာ ဒေသတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီး PDF တပ်ဖွဲ့များ ဝင်ရောက်လာသောအခါ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အထင်အမြင်လွဲမှားမှုများကြောင့် ယခုကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်နိူင်ကြောင်း ရှမ်းနီလူငယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...