မင်းတပ်မြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် မိခင်၏ ကျန်ရစ်ကလေးငယ် များ အကူအညီလိုအပ်

မင်းတပ်မြို့နယ်တွင် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် မိခင်၏ ကျန်ရစ်ကလေးငယ် များ အကူအညီလိုအပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြောက်ဘက်၊ တိုက်နယ်သုံးဘက်ခြမ်းရှိ ကျေးရွာများကို ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ နံနက် ၉နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီး၏ ကျန်ရစ်သည့် ကလေးငယ်များအတွက် အကူညီများလိုအပ်နေသည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်ရှိ (၂၇၄) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦးသေဆုံးခဲ့ပြီး ၎င်းတို့အထဲမှ အသက် ၃၀အရွယ် အမျိုးသမီး၏ ကျန်ရစ်ခဲ့သည့် ကလေးငယ်များအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၇၀ ဝန်းကျင် အမျိုးသား တစ်ဦး၊ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှင့် အသက် ၃၀ ခန့်အမျိုးသမီးတို့ ပွဲခြင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

''အခုလောလောဆယ်မှာ သေဆုံးသွားတဲ့ သုံးဦးထဲကအသက် ၃၀အရွယ် အမျိုးသမီးက ကလေး သုံးယောက်ကျန်ခဲ့တယ်။အကြီးက မိန်းကလေး၊အငယ်နှစ်ယောက်ကတော့ ယောက်ျားလေးတွေ။အားလုံးက လူမမယ်ကလေးတွေပဲ ကျန်ခဲ့တော့ ရွာမှာရှိတဲ့ အမျိုးတွေကတော့ လက်တလော ကြည့်ပေးနေကြတယ် ။ သူတို့အတွက် လိုအပ်တဲ့အကူညီတွေကိုလည်း တောင်းခံနေပါတယ်''ဟု အဆိုပါရွာသားများထံမှ သိရသည်။

သည့်အပြင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ခုတွင် လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊လူနေအိမ် လေးလုံး ပျက်စီးခဲ့ကာ အမျိုးသားတစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် မင်းတပ်မြို့တွင်းရှိ ပြည်သူများအနေဖြင့် မြို့ပေါ်တွင် လုံခြုံစိတ်ချမှု မရှိခြင်းကြောင့် ကျေးရွာများဘက်သို့ ပြန်လည်စစ်ရှောင်သည့်သူများနှင့် ပြည်မဘက်သို့ တိမ်းရှောင်သူများလည်း ရှိနေသည်ဟု သိရသည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...