ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာဆိုင်းဘုတ်ရှေ့မှာ လူသုံးလောင်းသတ်ခံထားရတဲ့ အလောင်းတွေ့

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာဆိုင်းဘုတ်ရှေ့မှာ လူသုံးလောင်းသတ်ခံထားရတဲ့ အလောင်းတွေ့

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာဆိုင်းဘုတ် အနီးမှာ  ဇွန်လ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်မှာ လူဦးသုံးနောက်ပြန်ကြိုးတုတ်ပြီး သတ်ထားထားတဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတွေဆီကနေ သိရပါတယ်။

“ဒီနေ့မနက် ၂ နာရီ လူသုံးယောက် နောက်ပြန်ကြိုးတုတ်ပြီးမှ သတ်ထားတာကို လာပစ်သွားတာ ။ အများပြည်သူက ည ၂ နာရီမှာတွေ့တာ ။ ဘယ်အချိန်လာပစ်သွားတယ်ဆိုတာတော့မသိဘူး ။ ညတစ်နာရီတော့ခန့်မှန်းတာပေါ့ ။ မနက် ၆ နာရီမှာတော့ သက်ဆိုင်ရာက ရင်ခွဲရုံကို လာပို့ပေးတာ“ လို့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူ ပရဟိတတစ်ဦးက ပြောပြပါတယ်။

အသတ်ခံရတဲ့ သုံးယောက်က ဖားကန့်မြို့နယ် တော်မှော်ကျေးရွာက အသက် (၆၀) အရွယ် ဦးသက်ချိုဦး ၊ ဆိုင်းရာကျေးရွာက အသက် (၅၀) အရွယ် ဦးထွန်းအောင်ဖြစ်ပြီး  ကျန်တဲ့ တစ်ဦးကတော့ အသက် (၃၅) နှစ်အရွယ်ဖြစ်ပြီး နာမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဇွန်လ (၁) ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု  ဆွတ်အောင်အထွက် တံတားအနီးမှာနောက်ပြန်ကြိုးတုတ်ထားပြီး သေဆုံးနေသည့် လူငယ်အလောင်း လေးလောင်း တွေ့ရှိမှုတစ်ခုလည်းဖြစ်ပွားခဲ့ ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...