PDFများကို အရွယ်ရောက်စ လူငယ်များအဖြစ် စစ်ကောင်စီက ဝါဒဖြန့်နေ

PDFများကို အရွယ်ရောက်စ လူငယ်များအဖြစ် စစ်ကောင်စီက ဝါဒဖြန့်နေ

စစ်ကောင်စီက PDFများ မိဘများထံပြန်ရန် ခေါ်ယူမှုများ ဆောင်ရွက်နေခြင်းမှာ တပ်တွင်းဝါဒဖြန့်ရန် အတွက်သာဖြစ်ကြောင်း CDMပြုလုပ်လာသည့် ဗိုလ်ကြီးညီသုတက မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသည့်အချိန် ဇွန်လ၁၁ရက်မှစတင်ပြီး စစ်ကောင်စီက ဝါဒဖြန့်မီဒီယာများ မှတဆင့် PDFများ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လိုပါက ကြိုဆိုကြောင်း ထုတ်ပြန်မှုအပေါ်တွင် ဗိုလ်ကြီးညီသုတက ပြောဆိုခြင်း ဖြစ်သည်။

“စစ်တပ်က PDFတွေမှ မဟုတ်ပါဘူး ။ အရင်ကလည်း EROSတွေနဲ့ ပတ်သက်လို့ ဒီလိုပဲတပ်တွင်းမှာဝါဒဖြန့်နေကြပါပဲ။ ဘာကြောင့်လဲဆိုရင် PDFတွေဆိုရင် အခုမှ အရွယ်ရောက်စ လူငယ်တွေ ပေါ့။ အခြားသူတွေရဲ့ ဖြားယောင်းသွေးဆောင်မှုကြောင့် လက်နက်ကိုင်လမ်းစဉ် ဘက်ကိုရောက်သွားတယ်။ အသိအမှန်အမြင်မှန်ရပြီး ပြန်ဝင်လာတယ်ဆိုပြီး သူတို့က မက်ဆေ့ပေးချင်တာက အဓိကပါပဲ။ PDFတွေနဲ့ပတ်သက်ရင် သူတို့ အမြဲတမ်းပုံဖော်နေတာက အရွယ်ရောက်ခါစ လူငယ်တွေဆိုတာက များတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါအချက်ကို ပေါ်လွင်စေရန်အတွက် မိဘများထံ ပြန်လည်အပ်နှံသော အသုံးအနှုံးဖြင့် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် PDFများ ပြန်လည်ဝင်ရောက်လာပုံဖြင့် ပုံဖော်နေသည်ကို တွေ့ရသည်။

“ပြန်ခေါ်တဲ့ အခမ်းအနားတွေမှာ စာတန်းထိုးတာတွေကအစ မိဘတွေကိုပြန်အပ်တယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိနဲ့ တပ်တွင်းမှာရှိနေတဲ့ သူတို့ရဲ့စစ်သည်တွေကို PDFတွေအပေါ်မှာ နားလည်မှုလွဲအောင်လို့ ပုံသွင်းတာပဲဖြစ်ပါတယ်ဗျ” ဟု ဗိုလ်ကြီးညီသုတက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီက အရွယ်ရောက်ခါစ လူငယ်များဟု သတ်မှတ်ထားသည့် PDFအပါအဝင် တော်လှန်ရေးအဖွဲ့ အသီးသီးတွင် ပါဝင်နေကြသူများသည် လေ့ကျင့်သားဝနေသော စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားများကို နေ့စဉ်နှင့်အမျှ တိုက်ခိုက်ချေမှုန်းနေသည်။

စစ်ကောင်စီတပ်များအနေဖြင့် လက်နက်ကိုင် ခုခံမှုများကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ခံနေရပြီး ၎င်းတို့၏ ထောက်တိုင်များကိုလည်း တော်လှန်ရေးအဖွဲ့များက နေ့စဉ်ဖြိုဖျက်လျက် ရှိနေသည်။

စစ်ကောင်စီက PDFများ မိဘထံ ပြန်ဝင်ရန်အတွက် ခေါ်ယူနေမှုအပေါ်တွင် “လက်နက်အပ်ပါဆိုတဲ့ စကားကို လုံးဝလက်မခံဘူး ။ စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု People’s Resistance Army မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် တော်လှန်ရေးအဖွဲ့များ၏ ခုခံတော်လှန်စစ်များကြောင့် စစ်မျက်နှာကို တစ်နိုင်ငံလုံးနီးပါး ဖွင့်ထားလျက်ရှိသည်မှာ တစ်နှစ်နီးပါး ရှိလာပြီဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီ၏ တပ်တွင်းစည်းလုံးမှု ပြိုကွဲခြင်း၊စစ်ပန်းလာခြင်းအပြင် စစ်တိုက်စွမ်းရည် ကျဆင်းမှုများ ကြုံနေရပြီး စခန်းစွန့်ခွာ ထွက်ပြေးသည့် တပ်သားများအပြား ရှိလာသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံးမှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတာနီးက” ဥပမာ တပ်ကြပ်ကြီးတစ်ယောက်ဆိုရင် တိုက်ပွဲတစ်ခုမှာ ကျည်မရှိတော့မချင်း ခံတိုက်ပြီးတော့ အသေခံတာပဲ ။ ကျွန်တော်တို့ နယ်စပ်တိုက်ပွဲမှာ ဒါမျိုးကြုံခဲ့ရတယ်။ လက်ပစ်ဗုံးတစ်လုံးနဲ့ အသေခံပြီးတော့ချတာရှိတယ်။ အခုကျတော့လက်နက်ကြီးရော ရိက္ခာတွေရော တစ်ပုံတစ်ခေါင်းကြီး ကျန်တာတောင် လက်နက်ချတာတွေ အများကြီးဖြစ်လာတယ်” ဟု ဆိုသည်။

အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် စစ်ကောင်စီသည် တပ်တွင်းတည်ဆောက်ရေးများ ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ၊ ဖက်ဒရယ်နှင့် ပတ်သက်သည်များ၊ နိုင်ငံတကာဆက်ဆံရေးများနှင့် တော်လှန်ရေးတွင် ပါဝင်သူများ ပြန်လည်ဝင်ရောက်ရေးအတွက် အပူတပြင်းလုပ်ကိုင် ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...