ရှမ်းတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရသည့် နေ့တွင် “ရှမ်း လူ့အခွင့် အရေးနေ့” အခမ်းအနားပြုလုပ်

ရှမ်းတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရသည့် နေ့တွင် “ရှမ်း လူ့အခွင့် အရေးနေ့” အခမ်းအနားပြုလုပ်

ဇွန်လ ၁၆ ရက်နေ့တွင် ကျရောက်သည့် ရှမ်းလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သျှမ်းကျောင်းသားသမဂ္ဂ(Tai Students' Union )မှ ဦးဆောင်၍ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းရှိ ရှမ်းအမျိုးသားကျောင်း တစ်ခုတွင် ယမန့်နေ့ ဇွန်လ ၁၆ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသားများအပါအဝင် လူဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ဖြတ်လေးဖြတ်ကာလ ရှမ်းပြည်သူတို့၏ဘဝကို မှတ်တမ်းတင်ထားသည့် "The 4 cuts" မှတ်တမ်းရုပ်ရှင် ပြသခြင်း၊ အစိုးရစစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသော ပြည်သူများအတွက် ဆုတောင်းခြင်း များပြုလုပ်ခဲ့ကြသည်။

အစိုးရတပ်မတော်သည် ၁၉၉၇ ခုနစ် ဇွန်လ ၁၆ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်မြို့နယ် တာဖာဟိုကျေးရွာနှင့် ဆိုင်းခေါင်ကျေးရွာမှ ရွာသူရွာသား ၅၆ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ထို့သို ရှမ်းတိုင်းရင်းသားများ အစုလိုက်အပြုံ လိုက် အသတ်ခံခဲ့ရသည့် ၁၉၉၇ ခုနစ် ဇွန်လ ၁၆ ရက်နေ့ ကို အစွဲပြု၍ ရှမ်းလူ့အခွင့် အရေးနေ့ အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရတပ်မတော်သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ရှမ်းပြည် တောင်ပိုင်းနှင့် အလယ်ပိုင်းရှိမြို့နယ် ၁၁ မြို့နယ်ရှိ အပြစ်မဲ့ရှမ်းပြည်သူ ၃၄၄ ဦး ကိုသတ်ဖြတ်ခြင်း၊ ကျေးရွာပေါင်း ၁,၈၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခြင်းနှင့် အမျိုးသမီး ၆၂၅ ဦးတို့ကိုသတ်ဖြတ်ခြင်းများကျူးလွန်ခဲ့သည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...