ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် တိမ်းရှောင်နေသူများပြန်လာပါက အရေးမယူဘဲ ပြန်လည် လက်ခံမည်ဟု လိုက်လံအကြောင်းကြားနေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် တိမ်းရှောင်နေသူများပြန်လာပါက အရေးမယူဘဲ ပြန်လည် လက်ခံမည်ဟု လိုက်လံအကြောင်းကြားနေ

ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ထွက်ပြေးတိမ်းရှောင်နေ သူများ၏နေအိမ်များသို့လာရောက်ကာ သက်ဆိုင်ရာမြို့များသို့ပြန်လာရန် လိုက်လံအကြောင်းကြားနေ ကြောင်း ဒေသခံများထံက သိရသည်။

ပုသိမ်၊ ဟင်္သာတ၊ မအူပင်နှင့် ဖျာပုံမြို့များအပြင် အခြားမြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်နေသူများ၏ နေအိမ်များကို လိုက်လံအကြောင်းကြားနေခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များသို့ပြန်လာပါက ဖမ်းဆီး အရေးယူမှုများမပြုလုပ်ဘဲ ပြန်လည်လက်ခံမည်ဟု အုပ်ချုပ်ရေးမှုးများက ပြောဆိုနေကြောင်း လိုက်လံ အကြောင်းကြားခြင်းခံရသည့် မိသားစုဝင်များနှင့် အဆိုပါမြို့နယ်များရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကမဇ္ဈိမကိုပြောသည်။

“စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေနဲ့နယ်ထိန်းတွေက တော်လှန်ရေးလုပ်နေတဲ့သူတွေရဲ့အိမ်တွေ၊ CDM ဝန်ထမ်းတွေရဲ့အိမ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုရှားသူတွေရဲ့အိမ်တွေကိုလိုက်ပြီး ကိုယ့်မြို့ကိုယ် ပြန်လာကြဖို့နဲ့ ပြန်လာရင်မဖမ်းဘူးဆိုပြီး လိုက်ပြောနေတာပါ။ အလင်းပြန်ဝင်လာတယ်ဆိုတဲ့ ပုံစံပေါက် အောင်လုပ်နေတာထင်တယ်” ဟု ဒေသခံက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကိုဖမ်းဆီးခြင်းများနှင့် နေအိမ်များကိုမီးရှို့ ဖျက်ဆီးခြင်းများကို စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများကပြုလုပ်နေ ချိန် တွင် စစ်ကောင်စီမှပြန်လည်ခေါ်ယူနေခြင်းကို လက်မခံသင့်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က သူတို့လက်နက်ချခိုင်းတိုင်း ချမဲ့သူတွေ၊ အပ်မဲ့သူတွေမှမဟုတ်တာ။ သူတို့ လူမှားနေ လားမသိဘူး။ ကျွန်နော်တို့ဆီမှာ လက်နက်လာချလို့ ကျွန်တော်တို့ကပြောရမှာ။ သူတို့မနိုင်ဘူးဆိုတာကို သိလို့ ကြွက်မနိုင် ကျည်မီးရှို့တာတွေ လုပ်နေတာပေါ့။ ကျွန်တော်တို့က ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး။ သူတို့သေဖို့သာ စဥ်းစားထားလို့ ပြောချင်တယ်။ စစ်ခွေးတွေရှိနေလို့ လက်နက်ကိုင်တာဖြစ် တဲ့အတွက် သူတို့ရှိနေသေးသရွေ့ကတော့ လက်နက်ကိုင်နေဦးမှာပဲ” ဟု မအူပင်သေမင်းလက်ရာတပ်ဖွဲ့ တာဝန်ခံဗိုလ်လက်ဝဲက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ပုသိမ်မြို့နယ်နှင့် ကျုံပျော်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး စစ်ကောင်စီထံအလင်းဝင်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများတွင် ဖော်ပြခဲ့သော်လည်း ထိုသူ နှစ်ဦးမှာ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူများမဟုတ်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...